DVB Logo
Home
မြန်မာသတင်း
‘၀’ ထိန်းချုပ်ဒေသက လူ ၄၀ ခန့် ရေအဆိပ်သင့်ပြီး ထိုင်းဆေးရုံတက်ရောက် 
DVB
·
July 31, 2019
‘၀’ ထိန်းချုပ်ဒေသက လူ ၄၀ ခန့် ရေအဆိပ်သင့်ပြီး ထိုင်းဆေးရုံတက်ရောက် 
Donate to DVB

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ယူဒဗလျူအက်စ်အေ ‘၀’တပ်ဖွဲ့ စစ်​​ဒေသ(၁၇၁) တပ်​မဟာ(၇၇၈)က တပ်​ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်​ ၄၀ လောက်  ဓာတု အဆိပ်​သင့် ရေ​သောက်​သုံးမိပြီး ထိုင်းနိုင်​ငံ​က ဆေးရုံမှာ အ​ရေး​ပေါ်တက်ရောက် ကုသမှုခံယူနေရပါတယ်။

တပ်​မဟာ(၇၇၈)အ​ခြေစိုက်​ရာ ခိုင်းလုံ​ဒေသမှာ စု​ပေါင်းစိုက်​ပျိုးထားတဲ့ ​တောင်​ယာ စပါးခင်းဧက ၄၀လောက်ကို ထိုင်းနိုင်​ငံထုတ်​ လက်​ဝပ်​အမျိုးအစား​ ပေါင်းသတ်​​ဆေးဖြန်းခဲ့ပြီး ည​နေပိုင်းမိုးရွာသွန်းမှုကြောင့် တောင်​ယာခင်းတွေက ရေတွေဟာ သောက်​သုံး​ရေအတွက် လုပ်​ထားတဲ့ဆည်​ထဲဝင်​​ရောက်​​နေတာကို မသိရှိဘဲ သုံးစွဲမိရာက​နေ ခုလိုဖြစ်​ပွားခဲ့တာပါ။

စစ်​​ဒေသ(၁၇၁) တာဝန်ရှိသူတဦးက​ "​တောင်​ယာစပါးခင်း​တွေကို​ ပေါင်းသတ်​​ဆေး အရင်​​နေ့က ဖြန်းထားတယ်​လို့သိရတယ်​၊ မိုးရွာလိုက်​​တော့ အဲ့ဒိက​နေ​သောက်​သုံး​ရေအတွက် ​လုပ်​ထားတဲ့ဆည်​ထဲကို​ ရေဆိုးဝင်​တာမသိဘဲ ည​နေပိုင်းမှာ​သောက်​မိ တယ်​လို့ထင်​ပါတယ်​"လို့ ပြောပါတယ်။

ထိုင်းဆေးရုံမှာ တက်ရောက်နေသူတွေထဲမှာ လက်ရှိအချိန်အထိတော့ သေဆုံးသူ မရှိ​သေး​ဘူးလို့ သိရပြီး အ​ရေး​ပေါ် ဆေးကုသမှု​တွေ​ ဆက်လက်ဆောင်​ရွက်​​နေဆဲ ဖြစ်ပါတယ်​။

ယူဒဗလျူအက်စ်အေ - တောင်ပိုင်း ‘၀’ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေအဆိပ်သင့်မှု ဖြစ်ပြီး လူ ၄၀ နီးပါး ထိုင်းဆေးရုံသို့ လာရောက် ဆေးကုသမှုခံယူနေတာနဲ့ ပတ်သက်ပြီးလည်း  ထိုင်းခေါဝ်ဆွတ်သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် ပန်မဖာ့မြို့နယ် ဘန့်မိုက်လန်းကျေးရွာရှိ ထိုင်း နယ်ခြားစောင့်တပ်အ၀င်ဂိတ်မှာ ဇူလိုင် ၂၉ ရက် ည ၁၀ နာရီကျော်က  မြန်မာနိုင်ငံ ရှမ်းပြည်နယ် ၊ ခိုင်းလုံကျေးရွာဘက်ကနေ အစာအဆိပ်သင့်လူနာတွေ ရောက်ရှိလာပြီး ဆေးကုသခွင့် တောင်းခံတဲ့အတွက် ထိုင်းတပ်ဖွဲ့ထဲမှာ ရှေးဦးသူနာ ပြုစုပေးခဲ့ရတယ်လို့  ပန်မဖာ့မြို့နယ်မှူး နိုင်းကျလွန်းဆွဲ့ကျစ်က ပြောတယ်လို့လည်းဆိုပါတယ်။

လူနာတွေမှာ ပထမအသုတ်အနေနဲ့ ၂၂ ဦးရောက်ရှိလာပြီး  မူးဝေအော့အန်တာ၊ ဗိုက်နာတာ စတဲ့လက္ခဏာ တွေရှိပြီး တချို့ကသတိလစ်တဲ့အထိဖြစ်နေလို့ အဲဒီညမှာပဲ ပန်မဖာ့မြို့နယ်ဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ပေးရတယ်လို့ ဆိုပါတယ်။

ဒီနောက် အဆိပ်သင့်လူနာတွေ တသုတ်ပြီးတသုတ် ထပ်ရောက်လာရာမှာ ည ၁၁ နာရီ ခွဲလောက်မှာတော့ စုစုပေါင်း ၃၉ ဦး ရှိသွားပြီး ကျား ၃၇ ဦး နဲ့ မ ၂ ဦး ပါဝင်ကြောင်း အများစုမှာ လူကြီးတွေဖြစ်တယ်လို့ မြို့နယ်မှူးက ပြောပါတယ်။

အစာဆိပ်သင့်ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ သူတို့ရွာထဲက လယ်ယာ စိုက်ခင်းတွေမှာ သီးနှံဖျက်ဓာတုပိုးသတ်ဆေးတွေ ပက်ဖျန်းခဲ့ကြောင်း ၊ မိုးတွေရွာလာတဲ့အခါ စိုက်ခင်းထဲကရေတွေ သူတို့ အသုံးပြုနေတဲ့ ရေအရင်းအမြစ်ထဲကို စီးဆင်းသွားပြီး အဆိုပါရေကို သောက်သုံးမိရာက အဆိပ်သင်ခဲ့ကြတာလို့ ဆိုပါတယ်။  

လူနာတွေကို ပန်မဖာ့ဆေးရုံက ကောင်းစွာကုသပေးနေရာမှာ နောက်ထပ် ၂ ရက်ဆိုရင် အားလုံး နေကောင်းသက်သာလာမှာဖြစ်ကြောင်း၊ သူတို့ရဲ့ လုံခြုံရေးအတွက် အမှတ် ၇၂၁ ထိုင်းခြေ လျင်တပ်ရင်း က တာဝန်ယူထားတယ်လို့ မြို့နယ်မှူးက ပြောပါတယ်။

သတင်း- အောင်ဇေယျ၊ နန်းမြနဒီ

ကိုးကား-ခေါဝ်ဆွတ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013