DVB Logo
Home
မြန်မာသတင်း
မြင်းလွှတ်​ကမ်း​ခြေတွင်​ဖမ်းမိသည့် ဘင်္ဂါလီ ၃၁ ဦးအား UEHRD အစီအစဉ်​ဖြင့်ပြန်​လက်​ခံ
DVB
·
July 30, 2019
မြင်းလွှတ်​ကမ်း​ခြေတွင်​ဖမ်းမိသည့် ဘင်္ဂါလီ ၃၁ ဦးအား UEHRD အစီအစဉ်​ဖြင့်ပြန်​လက်​ခံ
Donate to DVB

မြင်းလွှတ်​ကမ်း​ခြေမှာ ​ဖမ်းမိခဲ့တဲ့ ဘင်္ဂါလီ ၆၁ ဦးအနက်​ ဘင်္ဂါလီ ၃၁ ဦးကို UEHRD အစီအစဉ်နဲ့ ဇူလိုင်​ ၂၉ ရက်နေ့က သူတို့နေထိုင်ရာ နေရာတွေကို ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ 

မောင်​​တောနဲ့ ဘူးသီး​တောင်​မြို့နယ်​က ဘင်္ဂါလီ ၃၁ ဦးကို မူလ​နေထိုင်​ခဲ့ရာ ​ကျေးရွာတွေက သက်​ဆိုင်​ရာ​ကျေးရွာ အုပ်​ချုပ်​​ရေးမှူးတွေထံ ဇူလိုင် ၂၈ ရက်က  မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးက လွှဲပြောင်း​ပေးအပ်​ခဲ့ပြီး လူကယ်ပြန်ဌာနက ငွေနဲ့ စားနပ်​ရိက္ခာတွေ ကို​ ထောက်​ပံ့​ ပေးအပ်​ခဲ့ပါတယ်​။

မောင်​​တောမြို့နယ်​ အလယ်​သံ​ကျော်​​ကျေးရွာကံဘူးက မ​ဘေဘီက "​နောက်​ထပ် ​ဘင်္ဂလားကို မသွားချင်​​တော့ပါဘူး။ ဒီမိမိ​မွေးဖွားရာမြန်​မာနိုင်​ငံမှာပဲ ​ပျော်​တယ်​တဲ့ ဘင်္ဂလားမှာ လည်း ရိက္ခာ​တွေဘာ​တွေ​တော့ရပါတယ်။ မ​လေးရှားကို သွားဖို့ စက်လှေခက တာကာ​ငွေ ၂​ ​သောင်း​ပေးရတယ်​။ မ​လေးရှားကို​ရောက်​ရင် မ​လေးရှား​ငွေ ၈ ​ထောင်​ ၉ ​ထောင်​ ​လောက်​​ပေးရမယ်​"လို့​ ဘာသာပြန်​ကတဆင့် ပြောပါတယ်​။

မောင်​​တောမြို့နယ်​​တောင်​ပိုင်း မြင်းလွှတ်​ကမ်း​ခြေမှာ ဇူလိုင်​ ၇ ရက်​​က ဖမ်းမိခဲ့​တဲ့ ဘင်္ဂါလီ ၆၁ ဦးထဲက​ စစ်​​တွေဒုက္ခသည်​စခန်းမှ ၂၇ ဦးကို လ၀ကဥပ​ဒေပုဒ်​မ ၁၃(၁)နဲ့ အမူဖွင့်​အ​ရေးယူခဲ့ပါတယ်။

ကျန်​ရှိ​နေတဲ့ ​မောင်​​တောနဲ့ ဘူးသီး​တောင်​မြို့နယ်​မှ ဘင်္ဂါလီ ၃၁ ဦးကို UEHRD အစီအစဉ်​နဲ့ ဇူလိုင်​ ၂၈ ရက်​​နေ့မှာ ငါးခူရပြန်​လည်​လက်​ခံ​ရေး စခန်းမှာ အကြမ်းဖက် အဖွဲ့ဝင်စာရင်းမှာ ပါဝင်​တာ ရှိမရှိစိစစ်​ စစ်​​ဆေး​မေးမြန်း မှတ်​တမ်းတင်​ထားပြီး နေရပ်ကို ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။

ကောင်း​ကောင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013