DVB Logo
Home
မြန်မာသတင်း
KSPP ပါတီ ကချင်ပြည်နယ်တခုလုံးတွင် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်
DVB
·
July 30, 2019
KSPP ပါတီ ကချင်ပြည်နယ်တခုလုံးတွင် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်
Donate to DVB

ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) အနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်တပြည်နယ်လုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အဲဒီအတွက် လိုအပ်တာတွေကို ပြင်ဆင်လုပ်ဆောင် သွားမယ်လို့ KSPP ပါတီ ဒုဥက္ကဋ္ဌ-၂ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောပါတယ်။

ဇူလိုင်လ ၂၉ ရက် မနက်ပိုင်းက မြစ်ကြီးနားမှာ ကျင်းပခဲ့တဲ့ ပါတီသစ်မိတ်ဆက် ဆုတောင်းပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလတုန်းက ကချင်ပါတီတွေဘက်က လူဦးရေ ၁၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ပါတီတွေများတဲ့အတွက် အနိုင်မရခဲ့လို့ ကချင်လူထုရဲ့ သဘောဆန္ဒ အရ ကချင်ပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ အတွက် ပြင်ဆင်လာတာဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

လာမယ့်ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက်တော့ ကချင်ပြည်နယ်ပြည်သူ့ပါတီမှာ လက်ရှိ ရေးဆွဲထားတဲ့ စာရင်းအရ လူဦးရေ ၅၀ ကျော် ပါဝင်တယ်လို့လည်း ဦးကွမ်ဂေါင်အောင်ခမ်းက ပြောပါတယ်။

ကချင်ပြည်နယ်ပြည်သူ့ပါတီရဲ့ မူဝါဒဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးတည် ထားတဲ့အတွက် နှစ်သက်သဘောကျတယ်လို့ ပါတီမိတ်ဆက်ပွဲတက်ရောက်လာတဲ့ ရှမ်းမျိုးနွယ်ဝင်တဦးဖြစ်တဲ့ ဦးစိုင်းတင်ညွန့်က ပြောပါတယ်။

KSPP ပါတီသစ်မိတ်ဆက်ပွဲကို ကချင်၊ ဗမာ၊ လီဆူ၊ ရှမ်းအစရှိတဲ့ တိုင်းရင်းသားတွေ အပါအဝင် လူဦးရေ ၅၀၀ ဝန်းကျင်ခန့် တက်ရောက်ခဲ့ပြီး ပါတီဦးဆောင် ပုဂ္ဂိုလ်တွေက ပါတီရဲ့ နိုင်ငံရေးမူဝါဒနဲ့ ရှေ့ဆက် လုပ်ဆောင်သွားမယ့် လမ်းစဉ်တွေကို ချပြဆွေးနွေးခဲ့ပါတယ်။

သတင်း- လင်းဆက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013