DVB Logo
Home
မြန်မာသတင်း
ရနောင်းပင်လယ်ပြင်တွင် လှိုင်းကြီးလေထန်နိုင်၊ ငါးဖမ်းလှေများ ကမ်းမထွက်ရန် သတိပေး
DVB
·
July 30, 2019
ရနောင်းပင်လယ်ပြင်တွင် လှိုင်းကြီးလေထန်နိုင်၊ ငါးဖမ်းလှေများ ကမ်းမထွက်ရန် သတိပေး
Donate to DVB

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကပ္ပလီပင်လယ်ပြင်မှာ ခုရက်ပိုင်း အတွင်း  လှိုင်းကြီး လေထန်နိုင်တဲ့ အတွက် ပင်လယ်ထဲ ထွက်မယ့် လှေသင်္ဘောတွေ အထူး သတိပြုကြဖို့နဲ့  အသေးစား ငါးဖမ်းလှေငယ်တွေ ကမ်းကနေမထွက်ခွာကြဖို့ ရနောင်းခရိုင်ဝန်က သတိပေးလိုက်ပါတယ်။

ဇူလိုင် ၃၁ ရက်ကနေ သြဂုတ် ၆ ရက်နေ့တွေ အတွင်း ကပ္ပလီပင်လယ်ပြင်မှာ အနောက်တောင်မုတ်သုန်လေ ၀င်ရောက်ပြီး လှိုင်းကြီး လေထန်နိုင်တယ်လို့ ထိုင်းနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ခန့်မှန်း ထုတ်ပြန်ထားပါတယ်။ 

ရေလှိုင်းတွေဟာ အမြင့် ၂ မီတာ မှ ၃ မီတာထိ မြင့်တက်နိုင်သလို လေပြင်းတွေပါ တိုက်ခတ်နိုင်တယ်လို့လည်းဆိုပါတယ်။

ဒါ့ကြောင့် လုပ်သားပြည်သူတွေအနေနဲ့ အသက်နဲ့ ပစ္စည်းတွေ မဆုံးရှုံးစေဖို့  လှေသဘောင်္တွေ အထူးသတိထားကြဖို့ ၊ ငါးဖမ်းလှေငယ်တွေဆိုရင်တော့ ကမ်းစပ်ကနေ မခွာကြဖို့ ရနောင်းခရိုင်ဝန် နိုင်းကျတူးဖို့တ် ပီယမ်းပုတ်တရက ဇူလိုင်လ ၃၀ ရက်နေ့ မှာ သတိပေး ပြောကြားလိုက်ပါတယ်။ 

ရနောင်းခရိုင်ဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်း ကော့သောင်းမြို့နဲ့  နယ်နိမိတ်ချင်း ထိစပ်နေပြီး မြန်မာအလုပ်သမားတွေ အထူးသဖြင့် ရေလုပ်ငန်းတွေမှာ များစွာ ၀င်ရောက်လုပ်ကိုင် နေကြပါတယ်။ 

ကိုးကားသတင်း - https://www.talknewsonline.com/143373/

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013