Home
မြန်မာသတင်း
အခွန်ထမ်းဆောင်ချင်သည့် စိတ်ဓာတ်ဖော်ထုတ်ရာတွင် အားနည်းနေဟု ကယားဝန်ကြီးချုပ်ပြော 
နော်နိုရင်း
·
July 30, 2019
67640106_10217515980104763_4548508638641127424_o
67559378_10217515978664727_295164665275613184_o
67572407_10217515980464772_7120686469710086144_o
67401735_10217515978784730_5573284897709096960_o
67353830_10217515979824756_5968515038191812608_o
ပြည်သူတွေကိုယ်တိုင် လိုလိုလားလား စနစ်တကျ အခွန်ထမ်းဆောင်ချင်တဲ့ စိတ်ဓာတ်တွေကို ဖော်ထုတ်ရာမှာ အားနည်းချက်တွေ ရှိနေဆဲဖြစ်ကြောင်း  ကယားပြည်နယ် ၀န်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကပြောပါတယ်။ မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်း ပထမအကြိမ်အသင်းသားစုံညီပွဲအခမ်းအနားကို ဇူလိုင် ၂၉ ရက် မွန်လွဲပိုင်းက လွိုင်ကော်မြို့၊ Famous Hotel မှာ ပြုလုပ်ရာမှာပြောသွားတာပါ။ “နှစ်ပေါင်းများစွာ၊ စနစ်ပေါင်းများစွာရဲ့ အားနည်းချက်တွေကြောင့် ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်မယ်ဆိုပါက  စိန်ခေါ်မှုတွေ အနည်းအကျဉ်းတွေ့ရမှာဖြစ်ပါတယ်။ ဒီစိန်ခေါ် မှုတွေကို ချစ်ခြင်းမေတ္တာကိုအခြေခံပြီး အတူတူပူးပေါင်းဖြတ်ကျော်ရမှာ ဖြစ်တယ်”လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ ဒီအခမ်းအနားမှာ မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်းနဲ့   ကယားပြည်နယ်မိုဘိုင်း လုပ်ငန်းရှင်များအသင်းတို့က နိုင်ငံတော်အခွန်ရရှိရေးနဲ့ ပတ်သက်ပြီး အခွန်ဆိုင်ရာ ရှင်းလင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ ပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာန ပြည်နယ်မှူး ဦးကျော်ဟိုးလှိုင်ကတော့ မိုဘိုင်းဖုန်းတွေအအပေါ် အခွန်ဆိုင်ရာ ကောက်ခံမှုအခြေအနေတွေနဲ့  ပြစ်မှုပြစ်ဒဏ်တွေ ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမင်းအောင်ကလည်း  ပထမအကြိမ် အသင်းသား စုံညီပွဲအခမ်းအနားနဲ့ အခွန်ဆိုင်ရာ ရှင်းလင်းပွဲဖြစ်ပေါ်လာမှုနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ ပြည်နယ်ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတွေနဲ့ ပြည်နယ်အတွင်းရှိ မိုဘိုင်းလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024