
အီရန်နိုင်ငံရဲ့ ဆောက်ပါးစ် ဓာတ်ငွေ့သိုက်အား အစ္စရေးက တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က ဒေသတွင်း ကာတာနဲ့ ဆော်ဒီအာရေဗျက စွမ်းအင်အဆောက်အအုံတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ရက်စ်လာဖန်စက်ရုံ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ ကာတာက ထုတ်ပြန်ပြီး အီရန်သံတမန် ၂ ယောက်ကို နိုင်ငံထဲကနေ နှင်ထုတ်ခဲ့ပါတယ်။
အစ္စရေးရဲ့လုပ်ရပ်ဟာ အန္တရာယ်များတယ်လို့ ကာတာက ပြစ်တင်ခဲ့ပေမဲ့ အီရန်ရဲ့ တိုက်ခိုက်မှုဟာလည်း နိုင်ငံတကာဥပဒေကို ချိုးဖောက်တာလို့ ဝေဖန်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက် စစ်ပွဲစတင်ကတည်းက အီရန်ရဲ့အင်အား ကျဆင်းသွားပေမဲ့ အမေရိကန်နဲ့ မဟာမိတ်တွေကို တိုက်ခိုက်နိုင်စွမ်း ရှိနေဆဲပဲလို့ အမေရိကန် ထောက်လှမ်းရေးအကြီးအကဲ တူးလ်စီဂါဘာ့ဒ်က ပြောပါတယ်။
အစ္စရေးက လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ကိုလည်း ပြင်းပြင်းထန်ထန် ဗုံးကြဲခဲ့သလို အီရန်ရဲ့ လက်တုံ့ပြန်မှုတွေကြောင့် အစ္စရေးနဲ့ အနောက်ဘက်ကမ်းမှာ လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။
ဒီပဋိပက္ခတွေကြောင့် အီရန်မှာ လူ ၃,၀၀၀ ကျော်၊ လက်ဘနွန်မှာ ၉၀၀ ကျော် သေဆုံးခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ယောက်လည်း အသက်ဆုံးရှုံးခဲ့ပါတယ်။
Source: Reuters










