DVB Logo
Home
မြန်မာသတင်း
ပြည်မြို့က ပြည့်တန်ဆာလုပ်ငန်းလုပ်သည့် နေအိမ်ကို ရဲတပ်ဖွဲ့ဝင်ရောက်ဖမ်းဆီး 
DVB
·
July 30, 2019
ပြည်မြို့က ပြည့်တန်ဆာလုပ်ငန်းလုပ်သည့် နေအိမ်ကို ရဲတပ်ဖွဲ့ဝင်ရောက်ဖမ်းဆီး 
1 / 5
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့က  ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတဲ့ အိမ်တအိမ်ကို ရဲတပ်ဖွဲ့က ၀င်ရောက်ပြီး အိမ်ပိုင်ရှင်နဲ့အတူ အမျိုးသမီးငယ် ၉ ယောက်၊ အမျိုးသား ၄ ယောက်တို့ကို ဖမ်းဆီး အရေးယူလိုက်ပါတယ်။

ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ဗိုလ်တထောင်ရပ်၊ ငှက်ပျောတောလမ်းသွယ်က ကိုကျော်စိုးထိုက်(ခ)၀တုတ်ရဲ့ နေအိမ်မှာ အမျိုးသမီးငယ်တွေကို  ပြည့်တန်ဆာလုပ်ခိုင်းထား တယ်လို့ သတင်းပေးတိုင်ကြားချက်အရ ဇူလိုင် ၂၈ ရက် ညပိုင်းမှာ ရဲတပ်ဖွဲ့က သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးရာမှာ အမျိုးသမီးငယ် ၉ ယောက်၊ အမျိုးသား ၄ ယောက်နဲ့အတူ ပိုင်ရှင် ကိုကျော်စိုးထိုက်တို့ကိုပါ ဖမ်းမိခဲ့ပြီး ဧည့်ကြို အမျိုးသား ၂ယောက်ကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ နယ်မြေရာအိမ်မှူး တယောက်ကပြောပါတယ်။

ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသန်းထွန်းအောင်က “သတင်းပေးသူကလည်း ရှိထားတယ်။ ဒါနဲ့သတင်းပေါက်ကြားမှာစိုးတာကြောင့် ၀က်ထီးကန် ရဲတပ်ဖွဲ့က အင်အားတွေရယ်၊ မြို့မရဲစခန်းအင်အား၊ မြို့နယ်ရဲတပ်ဖွဲ့ အင်အားတွေကိုစုပြီး န၀ဒေးတံတားမှာ ပိတ်ဆို့ ရှာဖွေမယ်ဆိုပြီး  တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင် ၈ယောက်လည်းပါတယ်။ သူတို့ကို ပထမ အဲဒီတံတားကိုခေါ်သွားပြီး ပိတ်ဆို့ရှာဖွေခဏလုပ်လိုက်ပြီး ည ၁၁ နာရီကျော်လောက်မှ ကားတွေကို မီးပိတ်မောင်းပြီး ၀င်ရောက်စီးနင်းလိုက်တာ။ လက်ပူးလက်ကြပ်မိတာ။ အဲဒီမှာ အမျိုးသမီးငယ်တယောက်နဲ့ ပျော်ပါးချင်တယ်ဆိုရင် ၁၅ မိနစ်ကို ငွေ ၅၀၀၀ ကျပ်ပေးရတယ်။ အဲဒါကို ပိုင်ရှင်က ၃၀၀၀ ကျပ်ယူပြီး အမျိုးသမီးက ၂၀၀၀ ကျပ်ပဲရတာ။”လို့ ပြောပါတယ်။ 

အိမ်ပိုင်ရှင်ကိုတော့ ပြည့်တန်ဆာတွေထားရှိကာ အကျိုးစီးပွားရှာတဲ့ ဥပဒေ ပုဒ်မ ၈(က)၅(၁)/၃(က)တွေနဲ့အမှုဖွင့်လိုက်ပြီး  မိန်းခလေးတွေကိုတော့ ပုဒ်မ ၃(က)နဲ့အမှုဖွင့် အရေးယူထားပါတယ်။

ဒီအမှုအတွက် ဇူလိုင် ၂၉ ရက်မှာ ပြည်မြို့မရဲစခန်း တာဝန်မှူး ဒုရဲအုပ်မျိုးဇာကြည်ဝင်း က ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ ပုဒ်မ ၃(က)၅(၁)/၈(က)တွေနဲ့ အမှုဖွင့်ထားပြီး ထွက်ပြေးသူ ၂ဦးကို လည်း အမြန်ဖမ်းမိဖို့ ဆောင်ရွက်နေတယ်လို့ ပြည်မြို့မ ရဲစခန်းကသိရပါတယ်။

သတင်း -မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013