DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီ သတင်း​ထောက်​ ခွန်​​ဇော်​ဦးကို ရုံးထုတ် ရမန်​ယူ 
DVB
·
July 29, 2019
ဒီဗွီဘီ သတင်း​ထောက်​ ခွန်​​ဇော်​ဦးကို ရုံးထုတ် ရမန်​ယူ 
Donate to DVB

ရှမ်းပြည်နယ်၊ လားရှိုးမြို့က Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင် သတင်းပေးတိုင်ကြားလို့ လိုင်စင်မဲ့ယာဉ်စီးနင်းမှုနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့က တရားစွဲထားတဲ့ ဒီဗွီဘီ သတင်းထောက် ခွန်ဇော်ဦးကို ဒီကနေ့  လားရှိုး တရားရုံးမှာ ရုံးထုတ်​ ရမန်​ယူပါတယ်​။

Gold Luck Water Park ပိုင်ရှင်က နေ့စားအလုပ်သမားတွေကို လုပ်အားခမပေးဘူးဆိုပြီး အလုပ်သမားတွေထံကသိရလို့ သတင်းထောက် ခွန်ဇော်ဦးနဲ့ အလွတ်တန်းသတင်းထောက် မြတ်မိုးသူတို့ ၂ ယောက်က နှစ်ဖက်အသံ ရနိုင်ရေးအတွက် ပိုင်ရှင်ဦးရဲနိုင်ကို  ဇူလိုင်​ ၂၂ ရက်က ဆက်သွယ်ခဲ့ရာမှာ သူ့ရဲ့ရုံးခန်းကို လာဖို့ ပြောတာကြောင့် သွားရောက်ခဲ့ပါတယ်။

Gold Luck Water Park ပိုင်ရှင်ဦးရဲနိုင်က သတင်းထောက်တွေဝင်ပြီးတဲ့အချိန်မှာ ခြံတံခါးကိုပိတ်ထားခဲ့တဲ့အပြင် ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင်သတင်းထောက်တွေ စီးလာတဲ့ကားဟာ လိုင်စင်မဲ့ကားဖြစ်တယ်ဆိုပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ကို သတင်းပေး တိုင်တန်းခဲ့တာပါ။

အခုလို သတင်းသမားတွေကို ခြိမ်းခြောက်တာနဲ့ ပတ်သက်ပြီး လားရှိုးသတင်းထောက်များအဖွဲ့၊ တောင်ကြီး သတင်းထောက်များအသင်း၊ အထက်မြန်မာနိုင်ငံ သတင်းသမားများအဖွဲ့၊ မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ရက်၊ ရှမ်းပြည်နယ်မြောက်ပိုင်း အမျိုးသမီးကွန်ရက်၊ ​ရွှေတြိဂံသတင်းလွှာတို့က ကန့်ကွက်ရှုတ်ချတယ်လို့ ကြေညာထားပါတယ်။

ဒါ့အပြင် သတင်းသမား ၂ ယောက်ကလည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တင်ပြတိုင်ကြားထားပါတယ်။

သတင်း​ထောက်​ ခွန်​​ဇော်​ဦးကို အမှတ်(၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက (ပ)၂၈၀/၁၉၊ ပို့ကုန်​၊ သွင်းကုန်​-၈ ဥပ​ဒေ နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပြီး အဆိုပါ ဥပ​ဒေဟာ​ အမြင့်​ဆုံး ထောင်​ဒဏ်​ ၁ နှစ်​၊ အနိမ့်​ဆုံး ၁ လ (သို့မဟုတ်​) ​ပစ္စည်းတန်​ဖိုးအ​ပေါ်မူတည်​ပြီး ​ငွေဒဏ်​လည်း ချမှတ်နိုင်ပါတယ်။

လက်ရှိမှာ သတင်းထောက် ခွန်ဇော်ဦးကို  လားရှိုးမြို့ အမှတ်(၁) ရဲစခန်း အချုပ်မှာ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013