DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး သတိထားပြီး ဆောင်ရွက်စေလို 
DVB
·
July 29, 2019
တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး သတိထားပြီး ဆောင်ရွက်စေလို 
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုမှာ အတော်လေး သတိထားပြီး ဆောင်ရွက်ရမယ်လို့ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က သတိပေးပြောပါတယ်။

တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံအနေနဲ့ ဓာတ်မြေသြဇာဝယ်ယူတဲ့အခါနဲ့ တရုတ်ကို ဆန်နဲ့ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေတင်ပို့တဲ့အခါမှာ မလိုရင်မလိုသလို တရုတ်ဘက်ကနေ တရုတ်နယ်စပ်ကုန်သွယ်မှုကို ပိတ်ပစ်တာတွေ အခွန်တိုးကောက်တာတွေရှိနေတာပါ။ 

””တရုတ်နဲ့ကုန်သွယ်မှုဟာ တော်တော်လေးကိုသတိထားပြီးတော့ ပြည့်စုံအောင်ဆောင်ရွက်ရမယ့် အပိုင်း ရှိပါတယ်။ ကျနော်တို့ ဂျပန်နိုင်ငံနဲ့ကုန်သွယ်မှု တင်ပို့မှုက ပုံမှန်စနစ်တကျနဲ့ရှိပေမယ့် တရုတ်နဲ့ကျတော့ တရုတ်နည်းတရုတ်ဟန်နဲ့ ကိုက်ညီအောင် ကျနော်တို့တင်ပို့နိုင်ဖို့ ကျနော်တို့ဘက်က ပြင်ဆင်ဆောင်ရွက်ဖို့လိုမယ်လို့တော့ ကျနော်မြင်ပါတယ်ခင်ဗျာ”လို့ ဦးစိန်ဝင်းလှိုင်က ထောက်ပြပါတယ်။ 

တရုတ်နိုင်ငံနဲ့ ဆန်တင်ပို့မှုကို တရုတ်ဘက်ကနေဆန်ဝယ်ယူပြီး မြန်မာနိုင်ငံဘက်ကနေ ဓာတ်မြေသြဇာ၊ လယ်ယာသုံးပစ္စည်းတွေနဲ့ လျှပ်စစ်ပစ္စည်းတွေပြန်လည်ဝယ်ယူရမယ့်အပေါ် လုပ်ငန်းလည်ပတ်ဖို့ ငွေကြေးမရရှိတာကြောင့် မျှတတဲ့ကုန်သွယ်ရေးစနစ်မဟုတ်ဘူးလို့လည်း မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းက သုံးသပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013