DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့က  Amava Apparel အထည်ချုပ်စက်ရုံလုပ်သားများ ဆန္ဒပြ
DVB
·
July 29, 2019
ပုသိမ်မြို့က  Amava Apparel အထည်ချုပ်စက်ရုံလုပ်သားများ ဆန္ဒပြ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က Amava Apparel အထည်ချုပ်စက်ရုံ အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရလို့ဆိုပြီး စက်ရုံရှေ့မှာ ဇွန်လိုင် ၂၉ ရက်က  ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ပုသိမ် Amava Apparel အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ စက်ရုံ ကြီးကြပ်သူတွေရဲ့ ဆဲဆိုခံရတာ၊ အလုပ်ခွင်အတွင်း မကျေနပ်ချက်တွေနဲ့ အလုပ်သမားတဦး အလုပ်ထုတ်ခံရတဲ့ကိစ္စဖြေရှင်းပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ ဆန္ဒပြအလုပ်သမား တွေက ပြောပါတယ်။

ဆန္ဒထုတ်ဖော်နေတုန်း ဖြန်ဖြေရေးအဖွဲ့တွေရောက်လာပြီး အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ စက်ရုံတာဝန် ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အလုပ်သမားတွေဘက်က အချက် ၁၉ ချက်ကိုတောင်းဆိုထားကြပြီး ဒီအချက်တွေနဲ့ ပတ်သက်လို့ စက်ရုံတာဝန်ရှိသူတွေ အလုပ်သမားသမဂ္ဂကိုယ်စားလှယ်တွေနဲ့ ဖြန်ဖြေရေးအဖွဲ့တွေ တွေ့ဆုံညှိနှိုင်းနေကြပါတယ်။

လတ်တလောမှာတော့ အလုပ်သမားတွေဟာ အနီရောင်ခေါင်းစည်းတွေစီးပြီး လုပ်ငန်းခွင် ပြန်ဝင်နေကြပြီ ဖြစ်ပါတယ်။

သော်ဇင်မျိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013