DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လာရောက်စုံစမ်း ထောက်လှမ်းသူ ၂ဦး အသေဖမ်းမိ
DVB
·
July 29, 2019
ကွတ်ခိုင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လာရောက်စုံစမ်း ထောက်လှမ်းသူ ၂ဦး အသေဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေရဲ့  လှုပ်ရှားမှုတွေကို လာရောက်စုံစမ်း ထောက်လှမ်းသူ ၂ဦးကို အသေပစ်ခတ် ဖမ်းဆီးရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။

ဇူလိုင် ၂၇ ရက် ည ၈ နာရီလောက်က  တီးမားကျေးရွာရဲ့ မြောက်ဘက် မီတာ ၁ဝဝ လောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ညပိုင်းလုံခြုံရေး လုပ်ငန်းတွေ ဆောင်ရွက်နေစဉ် အခင်းဖြစ်ပွားခဲ့တာပါ။

နောက်တနေ့ မနက် နာရီခွဲလောက်မှာ အဆိုပါနေရာရဲ့ အရှေ့တောင်ဘက် တောတန်းအတွင်းမှ ဓာတ်မီးဖွင့်ပိတ် ပြုလုပ်ပြီး မသင်္ကာဖွယ် လူနှစ်ဦး လမ်းလျှောက်လာတာကို ကင်းတာဝန်ကျ စစ်သည်က တွေ့ရှိရလို့  ရပ်တန့်ဖို့ အော်ဟစ် သတိပေးပေမယ့် ရပ်တန့်ခြင်းမရှိဘဲ ထွက်ပြေးသွားတောကြောင့် ကင်းတာဝန်ကျ စစ်သည်က လက်နက်ငယ်နဲ့ ပစ်ခတ် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်ဖမ်းဆီးရာမှာ အမည်နဲ့ နေရပ်(စိစစ်ဆဲ) အသက် ၃ဝ ခန့်နဲ့  အသက် ၃၅ နှစ်ခန့်ရှိ အမျိုးသားနှစ်ဦးကို စစ်စိမ်းရောင် မြေခင်းခြုံလျက် အသေဖမ်းဆီး ရမိခဲ့ပြီး တီးမားကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို အလောင်းတွေ ပြသခဲ့ရာ ဒေသခံရွာသားတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေကို နှောင့်ယှက်ပစ်ခတ်ဖို့ သောင်းကျန်းသူတွေက အရပ်သား အသွင်ယူပြီး လာရောက် စုံစမ်း ထောက်လှမ်းခြင်းဖြစ် နိုင်ကြောင်းနဲ့ အခင်းဖြစ်တဲ့ မနက် ၂ နာရီ ပတ်ဝန်းကျင်မှာလည်း မူဆယ်-မုံးကိုး တိုက်ပွဲဖြစ်စဉ် စတင်ဖြစ်ပွားခဲ့တဲ့ အချိန်ဖြစ်တယ်လို့ လည်း တပ်မတော် သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013