
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၇၅၉၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၈၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၄၁၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိဿာ ၆၀ ဝင်တအိတ်ကို ၉၀၁၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၉၇၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၆၉၀၀ ကျပ် ဈေးကွာခြားပါတယ်။
ကုလားပဲ (နိုင်းတူးနိုင်း)
မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ (နိုင်းတူးနိုင်း) က ၅၆ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၈၀၅၀၀ ကနေ ၈၁၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၈၀၄၀၀ ပေါက်ဈေးရှိပြီး ၉၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၆၀၀ ကျပ် ဈေးကွာခြားပါတယ်။
စားတော်ပဲလုံး
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စားတော်ပဲလုံးက ၅၉ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၇၉၉၀၀ ကနေ ၈၁၁၀၀ အထိ ပေါက်ဈေးရှိပြီး ၁၈၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ စားတော်ပဲလုံး တအိတ်ကို ၇၀၀၀၀ ကနေ ၉၂၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁၀၉၀၀ ကျပ် ဈေးကွာခြားပါတယ်။
စားအုန်းဆီ
မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီ တပိဿာကို ၁၅၃၀ ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ စားအုန်းဆီတပိဿာကို ၁၅၈၀ ပေါက်ဈေးရှိပြီး ၁၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၅၀ ကျပ် ဈေးကွာခြားပါတယ်။
စီပီပြောင်း
မန္တလေးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ၂၄၀၀၀ ကနေ ၂၆၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ လားရှိုးကုန်စည်ဒိုင်မှာ စီပီပြောင်းတအိတ်ကို ၁၉၄၀၀ ကနေ ၂၂၆၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ လားရှိုးကုန်စည်ဒိုင် ၃၄၀၀ ကျပ် ဈေးကွာခြားပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA











