DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် မိုးခေါင်ရေရှားပါးမှုကြောင့် တောင်သူများ စပါးစိုက်ရန် အခက်တွေ့
DVB
·
July 29, 2019
အင်းတော်တွင် မိုးခေါင်ရေရှားပါးမှုကြောင့် တောင်သူများ စပါးစိုက်ရန် အခက်တွေ့
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်ဒေသမှာ စပါးစိုက်ပျိုးချိန် ရောက်ရှိလာသော်လည်း မိုးခေါင် ရေရှားပါးမှုကြောင့်တောင်သူတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

လယ်ပြင်သီဘာကျေးရွာမှ ကိုစိန်ဝင်းက“ မိုးခေါင်တဲ့ အခက်အခဲကတော့ ထယ်ထိုးလို့လည်း မရပါဘူး ချောင်းထဲမှာ နွားရေသောက်စရာမရှိအောင် ဖြစ်နေတာပါ။ ရွာထဲက တုံကင်နဲ့နှိပ်ပြီးမှ နွားစာရော လူစာရော လုပ်နေရပါတယ်။ ပျိုးလည်းထောင်လို့မရဘူး။ ထောင်ထားတဲ့ပျိုးက ကလေးတွေ ပြောသလို မီးသတိပြုလို့ စာတန်းထိုးရမလို ဖြစ်နေပြီခြောက်လို့။ ရေအခက်အခဲကတော့ အဲဒီလိုဖြစ်နေတယ်။ ဘယ်သောအခါမှ မကြုံဘူးပါဘူး။ မနှစ်ကလည်း မိုးဦးကောင်းတော့ ပျိုးကြဲရတယ်။ ပျိုးထောင်ရသေးတယ်။ ဒီနှစ်က ဘာမှလုပ်စားလို့ မရတဲ့ အဆင့်ဖြစ်သွားတယ် မိုးခေါင်ချက်ကတော့” လို့ ပြောပါတယ်။

နန့်ခင့်ကျေးရွာမှ ကိုဝင်းအောင်က “ကျနော်တို့ မိုးမရွာတဲ့အတွက် ထယ်ထိုးရ ကပ်သပ်နေပါတယ်။ မိုးလာမှပဲ ထယ်ထိုးလို့ ဖြစ်မယ်။ ထယ်ထိုးလို့ ရပြန်တော့လည်း မိုးက မလာဘူး။ အခုအချိန်မှာ ငွေကြေးလိုနေတယ်။ မိုးရွာလို့ ချောင်းရေထောက်ခဲ့ရင် စက်နဲ့ဆီဝယ်ပြီး လယ်စိုက်ဖို့ စီစဉ်ထားပါတယ်။ မနှစ်က ဒီရာသီအချိန်မှာ စိုက်ပြီးသလောက်ဖြစ်နေပြီ။ ဒီအချိန်မှာ မိုးမလာတော့ ဘာလုပ်လို့မှ မရဘူး။ မိုးရွာမှပဲ ဖြစ်မယ်။ ရာသီဥတုကတော့ တတိုင်းလုံး တပြည်လုံးသိပါတယ်။ ရာသီဥတု အခြေအနေကတော့” လို့ပြောပါတယ်။

အင်းတော်ဒေသမှာ စပါးစိုက်ပျိုးတဲ့ လယ်မြေဧက ၆ သောင်းနီးပါးရှိပြီး အခုနှစ်မှာ မိုးခေါင်ရေရှားပါးမှုကြောင့် အင်းအိုင်ချောင်းတွေအတွင်းက စက်ရေတင် စိုက်ပျိုးတဲ့ လယ်ဧကမှာ နည်းပါးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013