DVB Logo
Home
မြန်မာသတင်း
တောင်ဥက္ကလာတွင် AMI Meter စနစ် လာမည့် ၃ လအကြာမှ စတင်အသုံးပြုနိုင်မည်
DVB
·
July 29, 2019
တောင်ဥက္ကလာတွင် AMI Meter စနစ် လာမည့် ၃ လအကြာမှ စတင်အသုံးပြုနိုင်မည်
Donate to DVB

မီတာသုံးစွဲသူကိုယ်တိုင် မိုဘိုင်းဖုန်းကနေ စစ်ဆေးနိုင်မယ့် AMI Meter စနစ်ကို တောင်ဥက္ကလာပမြို့နယ်မှာ နောက် ၃ လလောက်မှာ စတင်အသုံးပြုနိုင်မယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဒါရိုက်တာ တဦးဖြစ်တဲ့  ဦးအောင်ကျော်ဦးက ပြောပါတယ်။

AMI မီတာ စနစ်ကို ရန်ကုန်တိုင်းဒေသကြီးထဲက ဒေါပုံမြို့ နယ်နဲ့  ပန်းဘဲတန်းမြို့ နယ်တို့မှာ Pilot Project အနေနဲ့ ဆောင်ရွက်ခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်မှာ ဆက်လက် အကောင်အထည်ဖော်နေတာပါ။

ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ဒါရိုက်တာ ၄ ဦးအောင်ကျော်ဦးက “မီတာတွေက တပ်ပြီးပြီ။ ဆက်သွယ်ရေးအပိုင်းတွေ ဆက်လုပ်နေပါတယ်။ နောက် ၃ လလောက်တော့ လိုသေးတယ်” လို့  ပြောပါတယ်။

AMI စနစ်ကို ရန်ကုန်တိုင်းဒေသကြီးထဲက မြောက်ဥက္ကလာ၊ မြောက်ဒဂုံ နဲ့ လမ်းမတော် မြို့နယ်တွေမှာလည်း တိုးချဲ့သွားဖို့ စီစဉ်ထားပါတယ်။

ဒါအပြင် ရန်ကုန်တိုင်းဒေသကြီးက ရွှေလင်ဗန်းစက်မှုဇုန်မှာလည်း Pilot Project အနေနဲ့ စမ်းသပ်တပ်ဆင်ဖို့  စီစဉ်နေပါတယ်။

Advance Metering Infrastructure-AMI လို့ခေါ်တဲ့ AMI စနစ်ဟာ မိုဘိုင်းဖုန်း အက်ပလီကေးရှင်းက မီတာဖတ်နိုင်ပြီး မီတာခကိုလည်း ပေးဆောင်နိုင်ပါတယ်။

ဒီစနစ်ဟာ လျှပ်စစ်ဓာတ် အားသုံးစွဲရာမှာ မသမာမှုတွေ ပြုလုပ်တာ၊ ယူနစ်အပြည့်အဝ မတက်တာ၊ ဓာတ်အားပျောက်ဆုံးတာတွေကို လျော့နည်းပပျောက်နိုင်မယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၈-၁၉ တနှစ်တာ ဓာတ်အားသုံးစွဲမှုယူနစ် သန်းပေါင်း ၉၂၃၃ ရှိပြီး ဓာတ်အားပျောက်ဆုံးမှု ယူနစ်သန်း ၁၂၈၂ ရှိတဲ့အတွက် ယူနစ်ပျောက်ဆုံးမှု ၁၃.၈၉  ရာခိုင်နှုန်း ရှိပါတယ်။

ဒေါပုံမြို့နယ်မှာ AMI စနစ်မတပ်ဆင်မီ ၂၀၁၆-၁၇ က ဓာတ်အားပျောက်ဆုံးမှု ၁၁.၁၄ ရာခိုင်နှုန်းရှိခဲ့ပြီး AMI စနစ် ဆောင်ရွက်အပြီး ၂၀၁၈-၁၉မှာ ၆.၆၂ ရာခိုင်နှုန်း လျော့ကျသွားကြောင်း၊ ပန်းဘဲတန်းမြို့နယ်မှာ AMI စနစ်ဆောင်ရွက်ဆဲကာလ ၂၀၁၈ မေလမှာ ဓာတ်အားပျောက်ဆုံးမှု ၉.၈၇ ရာခိုင်နှုန်းကနေ AMI ဆောင်ရွက်ပြီး ၂၀၁၉ ဇွန်လမှာ ၂.၁၄ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့တယ်လို့ YESC က ဇူလိုင် ၂၅ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013