DVB Logo
Home
မြန်မာသတင်း
အင်းစိန်ရွာမဆရာတော် ကျန်းမာရေးကြောင့်  သြဝါဒပေးပွဲ မကြွရောက်နိုင် 
DVB
·
July 29, 2019
အင်းစိန်ရွာမဆရာတော် ကျန်းမာရေးကြောင့်  သြဝါဒပေးပွဲ မကြွရောက်နိုင် 
Donate to DVB

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က နောက်ဆုံးအကြိမ်အဖြစ် ခေါ်ယူဆုံးမသြဝါဒပေးဖို့ ပင့်လျှောက်ခဲ့ပေမယ့် ကျန်းမာရေးအခြေအနေကြောင့် အင်းစိန်ရွာမဆရာတော်ကြီး မကြွရောက်နိုင်တဲ့အတွက်  သြဝါဒမပေးနိုင်ခဲ့ပါဘူး။

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)နှစ်ပတ်လည်စုံညီတွေ့ ဆုံပွဲပြုလုပ်မှုကြောင့် ဦးဆောင် ဆရာတော်နှစ်ပါးဖြစ်တဲ့  ရွာမဆရာတော်ကြီး ဦးတိလောကာဘိဝံသနဲ့ ဦးသီလက္နန္ဓာဘိဝံသ တို့ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က နောက်ဆုံးအကြိမ်အဖြစ်ခေါ်ယူ  ဆုံးမသြဝါဒပေးဖို့ ပင့်လျှောက်ထားခဲ့တာပါဘူး။

ဦးသီလက္ခန္ဓာဘိဝံသက “သြဝါဒပေးချင်လို့ပင့်တာပိုကောင်းပါတယ်။ ဘုန်းကြီးတို့လည်း သြဝါဒခံယူရတာပေါ့။ သူတို့လည်းပဲ မိန့်စရာရှိတာ မိန့်လို့ရသလို ဘုန်းဘုန်းတို့လည်း လျှောက်စရာ ရှိတာလျှောက်လို့ရတယ်။ ဒီနေ့ကတော့ အဲဒီကိစ္စတွေ မဆောင်ရွက်လိုက်နိုင်ပါဘူး။ ဆရာတော်တွေလည်း မမိန့်နိုင်ဘူး။ ဘုန်းဘုန်းတို့ကလည်း ပြန်ပြီးမလျှောက်နိုင်ဘူး။” လို့ မိန့်ပါတယ်။

အခုလို သြဝါဒပေးဖို့အတွက် ဇူလိုင်လ ၂၈ ရက်က ကျင်းပခဲ့တဲ့ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ၄၇ ပါး စုံညီ ပထမ အထူးအစည်းအဝေးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အင်းစိန်ရွာမ ဆရာတော် ကြွမလာခဲ့ပေမယ့်  သြဝါဒခံယူမယ့် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေမဟာနာယက ကျောင်းတော်ကြီးရှေ့ကို အမျိုးသားရေး တက်ကြွ လှုပ်ရှားသူတွေလည်း လာရောက်ခဲ့ကြပါတယ်။

အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဦးဝင်းကိုကိုလတ်က “ကျနော်တို့ကတော့ အမျိုးဘာသာ စောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားရေးကိစ္စတွေ၊ ပရဟိတကိစ္စတွေ၊ ဗုဒ္ဓပရဟိတ ဖောင်ဒေးရှင်းတွေ တကယ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆုံးမသြဝါဒ ပေးမယ်ဆိုရင် တောင်မှ အမှားအယွင်းတွေကတော့ ကျနော်တို့က မြင်ပါတယ်” လို့ ဆိုပါတယ်။

ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း အခမ်းအနားမှာ လက်ရှိဒီမိုကရေစီအစိုးရကို ဆန္ဒမဲမပေးဘဲ ရတဲ့နည်းနဲ့ ဆန့်ကျင်တွန်းလှန်ဖယ်ရှားကြဖို့ကိုလည်း တိုက်တွန်းတဲ့ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီတိုက်တွန်းချက်နဲ့ပတ်သတ်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်ထုတ်ပြန်ချက်မှာ တရားမဝင်တဲ့ အသင်းအဖွဲ့တခုက ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို ဖျက်လိုဖျက်ဆီး ဆောင်ရွက်ရန် စိန်ခေါ်တဲ့ ပြယုဂ်တခုဖြစ်လို့ အများပြည်သူက စောင့်ကြည့်တားဆီး ကာကွယ်ရန်လိုအပ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီအပေါ် အင်းစိန်ရွာမ ဆရာတော်ကြီးရဲ့ ပြန်ကြားလျှောက်ထားချက်မှာတော့ အဲဒီတိုက်တွန်းချက်ကို နှောင့်ယှက်ဟန့်တားမယ်ဆိုရင် ကိုယ်ကိုယ်တိုင် တိုင်းပြည်နဲ့လူမျိုး ဘာသာ သာသနာပျက်စီးအောင် ပြုလုပ်တာ ဖြစ်သွားနိုင်သည်ဆိုတာကို သတိပြုစေလိုတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013