DVB Logo
Home
မြန်မာသတင်း
နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း ၂၀ ၏ သီးခြားငွေစာရင်းများ ပိတ်သိမ်းမည်
DVB
·
July 29, 2019
နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း ၂၀ ၏ သီးခြားငွေစာရင်းများ ပိတ်သိမ်းမည်
Donate to DVB

ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ကစပြီး ဆောင်ရွက်ခွင့်ပြုခဲ့တဲ့ နိုင်ငံပိုင် စီးပွားရေအဖွဲ့အစည်း ၂၀ ခုရဲ့ သီးခြားငွေစာရင်း (Other Account) တွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကစပြီး ပိတ်သိမ်းသွားမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

ဇူလိုင် ၂၉ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ Other Account နဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်း ချက်တွေကို ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။

“၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာ Other Account အားလုံး ပိတ်သိမ်းပြီးတော့မှ SEE Account တခုထဲနဲ့ဆောင်ရွက်ဖို့ ဆိုပြီး ညွန်ကြားထားပါတယ်။ ဒီ Other Account တွေက ဒီ ၁၉-၂၀ ဆို မရှိတော့ဘူး။ SEE Account ဆိုတာ State Own Enterprise State Economic Enterprise SEE တွေမှာ ပြီးခဲ့တဲ့ နှစ်အထိကတော့ SEE Account၊ Other Account ကလည်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းအရ ခွဲပြီးတော့ လုပ်ထားတာပေါ့။ ဘတ်ဂျက်ထဲမှာ အကုန်ပါတယ်။ ဒါပေမယ့် Other Account တွေက စာရင်းရှုပ်တယ် ရှုပ်ထွေးတယ်ဆိုပြီး သူတို့ကို ပိတ်သိမ်းပြီး SEE Account တခုတည်းနဲ့ ဖွင့်ဖို့၊ အဲဒါ ဟိုးတုန်းကလည်း SEE Account တစ်ခုထဲနဲ့ လုပ်လာခဲ့တာပဲ” လို့ ဒုဝန်ကြီးက ပြောပါတယ်။

Other Account တွေမှာ အမေရိကန်ဒေါ်လာ ၉ ဘီလီယံခန့်ရှိဆိုတာ ဟုတ် မဟုတ် ၀န်ကြီးကို မေးမြန်းရာမှာတော့ အခြေအမြစ်မရှိ ဘူးလို့ ဆိုပါတယ်။ Other Account မှာရှိတဲ့ ငွေပမာဏတွေဟာ နှစ်စဉ်ဘက်ဂျက်စာရင်းထဲမှာ ထည့်သွင်းသုံးစွဲပြီးသားတွေဖြစ်တယ်လို့လည်း ဦးမောင်မောင်ဝင်းက ပြောပါတယ်။

ဒီ Other Account တွေပိတ်သိမ်းဖို့ကို ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာကတည်းက ဆုံးဖြတ်ခဲ့ကြတာပါ။

ဇူလိုင် ၁၅ ရက်က ပြန်လည်စတင်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာလည်း Other Account တွေနဲ့ပတ်သက်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းခဲ့ပါသေးတယ်။

ရှင်းလင်းရာမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ရဲ့ ခန့်မှန်းခြေငွေစာရင်းမှာ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းတွေရဲ့ (မြန်မာနိုင်ငံတော်ဗဟိုဘဏ်မပါ) ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေအစီစဉ် ပြင်ပကနေ ဆောင်ရွက်တာမှာ အမြတ်ရတဲ့ အဖွဲ့အစည်း ၄ ခုရှိပြီး အရှုံးပေါ်တဲ့အဖွဲ့အစည်း ၁ ခုရှိတယ်လို့ ဆိုပါတယ်။

နေဖြိုးဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013