DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် အနည်းဆုံးကျားကောင်ရေ ၂၂ ကောင်ခန့်သာ ရှင်သန်ကျက်စား
DVB
·
July 29, 2019
မြန်မာနိုင်ငံတွင် အနည်းဆုံးကျားကောင်ရေ ၂၂ ကောင်ခန့်သာ ရှင်သန်ကျက်စား
Donate to DVB

မြန်မာနိုင်ငံမှာ အနည်းဆုံးကျားကောင်ရေ ၂၂ ကောင်လောက် ရှင်သန်ကျက်စားနေတယ်လို့ သစ်တောဦးစီးဌာနက ဇူလိုင် ၂၉ ရက်နေ့ကျရောက်တဲ့ ကမ္ဘာ့ကျားများနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း တက်ဆင်ထားတဲ့ ကင်မရာ ထောင်ချောက်တွေ ကနေ တွေ့ရှိခဲ့တာဖြစ်ပြီး မှတ်တမ်းမတင်ရသေးတဲ့ သဘာဝတောတွေ ကျန်ရှိနေသေးတယ်လို့ သစ်တောဌာနက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဧရိယာ ၇ ရာခိုင်နှုန်းလောက်မှာ ကျားတွေကျက်စားပြီး ဧက ၁၂ သန်းလောက်ရှိပါတယ်။

ကျားတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်း၊ အထက်ချင်းတွင်းမြစ်ဝှမ်းဒေသနဲ့ မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီ-ဒေါနတောင်တန်းတွေမှာ အဓိက ကျက်စားကြတာပါ။

ကမ္ဘာပေါ်မှာ သဘာဝကျားကောင်ရေ ၄၀၀၀ အောက်သာကျန်ရှိတော့ပြီး ဖမ်းဆီး သတ်ဖြတ်မူတွေကြောင့် မကြာမီ မျိုးတုံးပျောက်ကွယ်မယ့် အန္တရာယ်ရှိနေတယ်လို့လည်း ဇူလိုင် ၂၉ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာ့ကျားများနေ့မှာ နိုင်ငံတကာအဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013