DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲ မိတ္ထီလာတွင် ကျင်းပ
DVB
·
July 29, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲ မိတ္ထီလာတွင် ကျင်းပ
1 / 6
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲကို မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ဇူလိုင် ၂၈ ရက် ညနေက ပြုလုပ်ခဲ့ပြီး လူဦးရေ ၁၀၀၀ ကျော် ပါဝင်ခဲ့ကြပါတယ်။

မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက် ထီးသုံးဆင့်ဘုရားဝန်းမှာ စုဝေးကြပြီး ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပြည်ထောင်စုလွှတ်တော် ပူးပေါင်းအစီရင်ခံစာ အတည်ပြုရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူ့ဆန္ဒ အောင်ရမည် စတဲ့ ကြွေးကြော်သံတွေနဲ့ ပိုစတာတွေကိုင်ဆောင် ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူတွေဟာ နာရီစင်လမ်း၊ သဇင်မြိုင်သံလမ်းကူး GRAND ရုပ်ရှင်ရုံလမ်းတွေမှာ စီတန်းလှည့်လည်ခဲ့ကြပြီးနောက် ပြည်ထောင်စုလွှတ်တော်မှာ ၄၅ ဦး ပူးပေါင်းကော်မတီက တင်သွင်းတဲ့ အစီရင်ခံစာနဲ့ ၂၀၀၈ ခြေဥပြင်ဆင်ရေးအား ထောက်ခံကြောင်း လွတ်လပ်ရေး ကျောက်တိုင်ဝန်းမှာ ဟောပြောခဲ့ကြပါတယ်။

ဦးဆောင်သူ ဦးဇော်မင်းက "၄၅ ဦး ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ အစီရင်ခံစာ တင်သွင်းတာကို ထောက်ခံတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ စာအုပ်ကြီးအရဆိုရင် အချုပ်အခြာအာဏာဟာ တပ်မတော်က ကိုင်စွဲထားတာပါပဲ။ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို ပြင်ဆင်ဖို့ ပြည်သူများက လိုလားနေကြပါတယ်။ ဒီ ၂၀၀၈ ခြေဥက ဒီမိုကရေစီလမ်းစဉ်နဲ့ မကိုက်ညီပါဘူး။ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်စေဖို့ဆိုရင် အဲဒီ ၂၀၀၈ ခြေဥကို ပြင်ဆင်မှသာ ဖြစ်မှာပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။

မိတ္ထီလာမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံဆန္ဒပြတာ အခုအကြိမ်ဟာ ၂ ကြိမ်မြောက် ဖြစ်ပါတယ်။ ပထမအကြိမ်အနေနဲ့ ၂၀၁၉ ခုနှစ် မတ်လက မိတ္ထီလာစက်မှုဇုန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထောက်ခံ ဆန္ဒပြခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013