DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ကမ်းပါးပြိုကျသဖြင့် သေဆုံးသူ ၁၃ ဦးရှိပြီ၊ ပျောက်ဆုံး ၅ ဦးကို ဆက်လက်ရှာဖွေ
DVB
·
July 28, 2019
ဖားကန့်တွင် ကမ်းပါးပြိုကျသဖြင့် သေဆုံးသူ ၁၃ ဦးရှိပြီ၊ ပျောက်ဆုံး ၅ ဦးကို ဆက်လက်ရှာဖွေ
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဒီနေ့ မနက်အစောပိုင်း ၂ နာရီခွဲလောက်က စိန်လုံတောင် ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျခဲ့တာကြောင့် သေဆုံးသူ ၁၃ ယောက် ရှိပြီဖြစ်ပြီး ပျောက်ဆုံးနေသူ ၅ ယောက်ကို ဆက်လက်ရှာဖွေနေပါတယ်။

ကမ်းပါးပြိုကျတဲ့အထဲ ကုမ္ပဏီဝန်ထမ်း ၁၅ ယောက်၊ လုပ်ကွက် လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်း ၃ ဦး၊ စုစုပေါင်း ၁၈ ဦးပါသွားတာဖြစ်ပြီး ၁၃ ဦးရဲ့ ရုပ်လောင်းတွေကို ရှာဖွေ ဆယ်ယူနိုင်ခဲ့ပြီလို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကျန်နေသေးတဲ့ ပျောက်ဆုံးနေသူတွေကိုတော့ နန်းထိုက်ပြည့်ပိုင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီဝန်ထမ်တွေ၊ ဖားကန့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၂၀ တွေ၊ သင်္ခါလူမှုကူညီရေးအသင်းဝင်တွေ စုစုပေါင်း လူဦးရေ ၁၀၀ ကျော်နဲ့ ဘောကွင်းတွေ အသုံးပြုပြီး ဆက်လက်ရှာဖွေနေပါတယ်။

ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့ ရဲတပ်ဖွဲ့နှစ်ဦးကိုတော့ ဖားကန့်ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေတယ်လို့ ဖားကန့်ဆေးရုံအုပ်ကြီးက ပြောပါတယ်။ 

"တယောက်က တင်ပဆုံထိသွားတယ်။ နောက်တယောက်က ဦးခေါင်းထိတာပါ။ လက်ရှိအချိန်ထိတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားတော့ မရှိဘူး" လို့ ဖားကန့်မြို့ ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောပါတယ်။

ကမ်းပါးပြိုရာမှာ သေဆုံးသွားတဲ့ ရုပ်အလောင်း ၁၃ လောင်းကိုလည်း ဖားကန်ဝပြည်သူ့ ဆေးရုံ ရင်ခွဲစစ်ဆေးမယ့်နေရာကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။

ကမ်းပါးပြိုကျတဲ့အထဲ ပါသွားတဲ့ ကုမ္ပဏီဝန်ထမ်း ၁၅ ဦးနဲ့ ပတ်သက်ပြီး ကုမ္ပဏီဘက်က ဘယ်လို ဆောင်ရွက်ပေးမယ်ဆိုတာကို သိရှိနိုင်ဖို့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်း လက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။

ယခုဖြစ်စဉ်အပါအဝင် ၂၀၁၉ ခုနှစ်အတွင်း ဖားကန့်ဒေသမှာ ကမ်းပါးပြိုတာ၊ နွံကန်ပွင့်ကျတာ၊ မြေစာပုံပြိုတာ၊ မျောကြောင်းပေါက်ကျတာ၊ ကမ်းပါးပေါ်မှ ပြုကျတာ၊ ယမ်းဖောက်ခွဲမှုကြောင့် ကျောက်ခဲစမှန်တာ၊ လုပ်ကွက် လုံခြုံရေးတွေရဲ့ တားဆီးခြောက်လှန့် ပစ်ခတ်မှုကြောင့် သေဆုံးတာအပါအ၀င်  သေဆုံးသူ ၁၁၅ ဦး၊ ပျောက်ဆုံးသူ ၈ ဦး၊ ဒဏ်ရာရရှိသူ ၉ ဦးရှိတယ်လို့ အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းနဲ့ လူမှုကူညီရေုအသင်းတွေရဲ့ ပြုစုထားတဲ့ မှတ်တမ်တွေအရ သိရပါတယ်။

ဇော်မိုးထက်(ဖားကန့် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013