DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ပြည့်နှစ်တွင် မြန်မာ့ဆန် တန်ချိန် ၂ သောင်းကျော် ပြည်ပတင်ပို့နိုင်ရန် ဆောင်ရွက်မည်
DVB
·
July 28, 2019
၂၀၂၀ ပြည့်နှစ်တွင် မြန်မာ့ဆန် တန်ချိန် ၂ သောင်းကျော် ပြည်ပတင်ပို့နိုင်ရန် ဆောင်ရွက်မည်
Donate to DVB

လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံနေ ဆန်တန်ချိန် ၂ သောင်းကျော် ပြည်ပတင်ပို့နိုင်အောင် ဆောင်ရွက်သွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်နိုင်ငံက ဆန်ဝယ်မှုလျှော့နည်းသွားတာကြောင့် နိုင်ငံခြားကို ဆန်တင်ပို့မှုဟာ အရင်နှစ်ထက် တ၀တ်နီးပါးလောက် လျော့နည်းသွားပါတယ်။ 

ဒီအခြေအနေကို နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီး ပုံမှန်တင်ပို့နိုင်တဲ့ အနေအထား ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ဇူလိုင် ၂၈ ရက်နေ့က ပြုလုပ်တဲ့ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း ၂၁ ကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည် အစည်းဝေးမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက ပြောဆိုခဲ့တာပါ။

လက်ရှိအချိန် ၂၅ မတ်ဆန်တွေ တရုတ်နိုင်ငံကို အဓိက တင်ပို့နေရပြီး အခုလို တင်ပို့မှု လျှော့နည်းသွားတာဟာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့တော့ အနည်းငယ် ထိခိုက်မှုတွေ ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က  ပြောပါတယ်။ 

ဒါပေမယ့် ကျန်တဲ့နိုင်ငံတွေကို ပင်လယ်ရေကြောင်းနဲ့တင်ပို့နေတဲ့ အနေအထားကတော့ မလျှော့တဲ့အပြင် တိုးလာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဆန်စပါးပြည်ပတင်ပို့မှု အနေအထားမှာ ၂၀၁၈ ခုနှစ်က ၂.၄ သန်း တင်ပို့နိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ၁.၈ သန်း တင်ပို့ထားပါတယ်။

ဒါကြောင့် ဒီနှစ်မှာ ဆန်ပြည်ပတင်ပို့မှု လျှော့နည်းတာတွေကို လာမယ့် ၂၀၂၀ မှာ ဆန်တန်ချိန် ၂ သန်းကျော်ထိရအောင် ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။ 

သတင်း - နေလင်းအောင်

အမှားပြင်ဆင်ချက်

အထက်ဖော်ပြပါသတင်းတွင် ဆန်တန်ချိန် မှားယွင်းဖော်ပြမိသဖြင့် "ဆန်တန်ချိန် ၂ သောင်းကျော်" အစား ဆန်တန်ချိန် ၂ သန်းကျော်ဟု ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်အပ်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013