DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူတွင် တပ်မတော်သား ၁ ဦး ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် အဆုံးစီရင်
DVB
·
July 28, 2019
ကျောက်ဖြူတွင် တပ်မတော်သား ၁ ဦး ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် အဆုံးစီရင်
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဇူလိုင် ၂၇ ရက်နေ့ညက ခမရ ၅၄၂ တပ်မှ တပ်မတော်သားတဦး ကိုင်ဆောင်ထားတဲ့ သေနတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပစ်ခတ် သေဆုံးသွားခဲ့တယ်လို့ ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

အဆိုပါသေဆုံးသူမှာ မောင်ဝင်းအောင်ဆိုသူဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ဘော်တွင်းကျေးရွာ ဇာတိဖြစ်ပြီး ကျောက်ဖြူမြို့ ခမရ(၅၄၂)တပ် မှာ တာဝန်ထမ်းဆောင်နေသူ တဦးဖြစ်ပါတယ်။ 

တပ်သားဝင်းအောင်မှာ မနေန့ညနေက ခမရ(၅၄၂)၊ ကမ်းခြေရိပ်သာမှာ ကင်းတာဝန်ဆောင်ရွက်နေရာမှ ကိုင်ဆောင်ထားသော MA-3 သေနတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ခဲ့တာကြာင့် လည်ပင်းယာဘက်ခြမ်း ကျည်ဖောက်ဝင်ကာ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ကျောက်ဖြူပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့မရဲစခန်းကို ဒီဗွီဘီက မေးမြန်းရာမှာတော့ တာဝန်ရှိသူတဦးက  “ဟုတ်ပါတယ်၊ မနေ့က ညနေပိုင်းမှာ ဖြစ်သွားတာပါ။ မိမိကိုယ်ကို ပစ်ခတ်သေဆုံးတာပါ။ သေမှုသေခင်းဖွင့်လှစ်ထားပြီး စစ်ဆေး ဆောင်ရွက်နေတယ်”လို့ အတည်ပြုပြောကြားပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်ဖြူမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၂၂/၁၉) အရ အမှုဖွင့်လှစ် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013