DVB Logo
Home
မြန်မာသတင်း
မြေနုကျွန်းပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန် ဥပဒေနှင့်အညီ လိုက်နာရန်လိုဟုဆို
DVB
·
July 28, 2019
မြေနုကျွန်းပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန် ဥပဒေနှင့်အညီ လိုက်နာရန်လိုဟုဆို
Donate to DVB

ရေနံချောင်းမြို့နယ်အတွင်း ဇူလိုင် ၂၃ ရက် နေ့က ဖြစ်ပွားခဲ့တဲ့ မြေနုကျွန်းအငြင်းပွားမှု အလားတူဖြစ်စဉ်တွေ ထပ်မံမဖြစ်ပွားစေဖို့  ဥပဒေနဲ့အညီ လိုက်နာဖို့ လိုအပ်ကြောင်း မကွေးတိုင်း လယ် ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးက ​ပြောပါတယ်​။

“ကျနော်​တို့ စီမံခန့်​ခွဲ​ရေး နည်းလမ်းကို လိုက်​နာတယ်​ဆိုရင်​ ဒီဖြစ်​​လောက်​ကြီး ဖြစ်​စရာ မလိုဘူး အခုမတန်​ဘူးဗျာ။ ဒီ​နေရာ​လေးကို ကြည့်​ရင်​ ၇ ဧက​လောက်​ပဲ ရှိတယ်​။ ဘာ့​ကြောင့်​ ၇ ဧက​လောက်​ပဲလို့​ ပြောလဲဆိုရင်​ တိုင်းတာခွင့်​မရဘူး။ တိုင်းတာခွင့်​ပေးလိုက်မယ်၊ စီမံခန့်​ခွဲမှု လိုက်​နာမယ်​ဆိုရင်​ တမျိုး။ တ​ဖက်​ကလည်း  အုပ်ချုပ်မှု နယ်နမိတ်အရ တို့ပိုင်​တယ် ဒီအထိကို မတိုင်းနဲ့။ တဖက်​ကလည်း ကန်​သာရွာကလည်း တို့ရ​နေတယ်​ဆိုတယ်၊ ဥပ​ဒေအရ ပိုင်​ဆိုင်​တယ်​ဆိုပြီး ပိုက်​ရင်​လည်း ပိုက်​ထားမှာ​ပေါ့” လို့ တိုင်းဦးစီးမှူး ဦးဇော်ဝင်း က ပြောပါတယ်​။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပုဒ်မ ၁၀၄ မှာ မြေနုကျွန်းလုပ်ပိုင်ခွင့်ကို တနှစ်တရာသီအတွက်သာ ချထားရမှာဖြစ်ပါတယ်။ မြေနုကျွန်းဆိုတာ ရေအောက်ကိုနစ်မြုပ်ခဲ့ပြီး နှစ်စဉ်ရေကြောင်း အနေအထားအရ မြေသားနဲ့ပုံသဏ္ဌာန် ပြောင်းလဲတဲ့ ခိုင်မြဲမှုမရှိတဲ့မြေဟု ဥပဒေအရ အဓိပ္ပာယ်ဖွင့်ဆိုထားပြီး မတည်မြဲမှုကို အကြောင်းပြုကာ ခေတ်အဆက်ဆက် အငြင်းပွားနေရဆဲ ပြဿနာတရပ်လည်းဖြစ်ပါတယ်​။

အဆိုပါကိစ္စနဲ့ ပတ်​သက်​ပြီး မ​ကွေးတိုင်း​ဒေသကြီးအစိုးရ လုံခြုံ​ရေးနှင့်​ နယ်​စပ်​​ရေးရာဝန်​ကြီး ဗိုလ်​မှူးကြီး မင်းဦးက​တော့ “ဧရာဝတီမြစ်​​ရေ ကျသွားရင်​ တိုင်းအဆင်​ ဌာနဆိုင်​ရာ​တွေပါတဲ့ ပူး​ပေါင်းအဖွဲ့နဲ့ စစ်​​ဆေးပြီး​တော့ တိကျတဲ့အ​ဖြေရတဲ့အထိ တိုင်း​ပေးမယ်​၊ ထပ်​ပြီး​တော့ ပြဿနာ​တွေ မဖြစ်​​အောင်​ တခါတည်း ​ကြေညာ​ပေးမယ်​” လို့​ပြောပါတယ်​။

ဖြစ်​စဉ်​နဲ့ ပတ်​သက်​ပြီး ဖရဲကျွန်း​ကျေးရွာမှ ​ပျောက်​ဆုံး​နေသူတွေထဲက ဇူလိုင်​ ၂၄ ရက်​​နေ့မှ ဒီက​နေ့မနက်​ပိုင်း​အထိ အမျိုးသမီး ၂ ​လောင်း၊ အမျိုးသား ၂၄ ​လောင်း ​ရေနံ​ချောင်းနဲ့ထိစပ်​တဲ့ ဧရာဝတီ မြစ်​တစ်​​လျှောက်​က ​တွေ့ရှိခဲ့ပြီး အမျိုးသား ​၁၀ ​ယောက်​​ကျော်​ ​ပျောက်​ဆုံး​နေဆဲ ​ဖြစ်​သလို တဖက်​ ကျမ်းကိုင်​ကျွန်းမှလည်း  အခင်းဖြစ်ဒဏ်ရာနဲ့ အမျိုးသားတဦး ​သေဆုံးခဲ့​တယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

 ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013