
ဟော်မုဇ်ရေလက်ကြားမှာ ရေအောက်မိုင်းတလုံးကို တိုက်မိပြီးတဲ့နောက် ပေါက်ကွဲမှုကြီးကြောင့် တုန်ခါသွားတဲ့ ရေနံတင်သင်္ဘောကြီးတစင်းကို ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းကို အီရန် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ရေတပ်က အောက်တိုဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ရေနံစိမ်းတင်ထားတဲ့ သင်္ဘောကြီးဟာ လမ်းကြောင်းပြစနစ်တွေ အားလုံးကို ပိတ်ထားခဲ့ပြီး ခွင့်ပြုချက်မရှိတဲ့ လမ်းကြောင်းကတဆင့် ရေလက်ကြားကို ဖြတ်သန်းထွက်ခွာဖို့ ရည်ရွယ်ထားခဲ့တယ်လို့ IRGC က ပြောပါတယ်။
ရေအောက်မိုင်းကို တိုက်မိပြီးတဲ့နောက် သင်္ဘောကြီးဟာ မီးတောက်ကြီးတွေ ဝါးမျိုတာ ခံခဲ့ရတယ်လို့ IRGC က ပြောပါတယ်။
စနေနေ့ကစပြီး ဟော်မုဇ်ရေလက်ကြားမှာ ခွင့်ပြုချက်မရှိတဲ့ သင်္ဘောလမ်းကြောင်းကနေ ဖြတ်နေတုန်း ရေအောက်မိုင်းထိပြီး မီးလောင်ခဲ့တဲ့ ရေနံတင်သင်္ဘောကြီးတွေထဲမှာ ဒီတစင်းက တတိယမြောက်သင်္ဘော ဖြစ်တယ်လို့ IRGC က ပြောပါတယ်။
ဒါ့အပြင် ဟော်မုဇ်ရေလက်ကြားအတွင်း လမ်းကြောင်းပြစနစ်နဲ့ တည်နေရာပြစနစ်တွေကို ပိတ်ထားတဲ့ ဘယ်သင်္ဘောမဆို ရန်သူ့ပစ်မှတ်တွေအဖြစ် သတ်မှတ်ခံရမှာဖြစ်ပြီး ပြင်းထန် ပြတ်သားတဲ့ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ IRGC က တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။
Source: Reuters











