DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးအပစ်ရပ် ကြေညာပေးရန် မွန်ညီညွတ်ရေးပါတီ တိုက်တွန်း
DVB
·
July 28, 2019
တနိုင်ငံလုံးအပစ်ရပ် ကြေညာပေးရန် မွန်ညီညွတ်ရေးပါတီ တိုက်တွန်း
Donate to DVB

နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့အတွက် တနိုင်ငံလုံး အပစ်ရပ် ကြေညာပေးဖို့ မွန်ညီညွတ်ရေးပါတီက တိုက်တွန်းလိုက်ပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားဝင် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ရရှိထားတာပါ။ မှတ်ပုံတင်ရရှိပြီး ဇူလိုင် ၂၇ ရက်မှာတော့ ပါတီဆိုင်းဘုတ်တင် အခမ်းအနားတရပ်ကို ကျင်းပခဲ့တာပါ။

အစိုးရနဲ့ တပ်မတော်ရဲ့ အပစ်ရပ် ကြေညာမှုကို ကြိုဆိုပေမယ့် အပစ်ရပ်ကြေညာရာမှာ ဘယ်ဒေသကိုမှ မချန်လှပ်ထားဖို့ အခမ်းအနားမှာ မွန်ညီညွှတ်ရေးပါတီ ဥက္ကဋ္ဌ နိုင်တလနွန်က တိုက်တွန်းခဲ့ပါတယ်။

ဒါအပြင် လက်ရှိ နိုင်ငံရေး အခင်းအကျင်းဟာ နိုင်ငံရေး ပြဿနာနိုင်ငံရေးနည်းနဲ့ ဖြေရှာနိုင်မှသာ အားလုံးလိုလား တောင်းတနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်ကို ဖော်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှကလည်း မွန်ညီညွတ်ရေးပါတီရဲ့တိုက်တွန်းချက်ဟာ သူတို့ရဲ့ သဘောထားနဲ့ တူညီတယ်လို့ ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမ က မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ဖို့ တခုတည်းသော တပ်မတော်နဲ့ ခွဲမထွက်ကိစ္စကို ပါဝင်ပတ်သက်တဲ့ ခေါင်ဆောင်းတွေအနေနဲ့ ညှိနှိုင်း အဖြေရှာကြဖို့လိုတယ်လို့ ပြောပါတယ်။

တပ်မတော်ဟာ စစ်တိုင်း ၅ ခု ကို ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ နှစ်လတာ အပစ်ရပ် ထပ်မံကြေညာခဲ့တာ ဖြစ်ပြီး၊ ဒီလို အပစ်ရပ်ကြေညာတာဟာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။

တပ်မတော်ကတော့ အခုလို အပစ်ရပ် ကြေညာတာဟာ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။  

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013