DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ကမ်းပါးပြိုကျမှုကြောင့် ၇ ဦးသေဆုံး၊ ၁၁ ဦးပျောက်ဆုံး
DVB
·
July 28, 2019
ဖားကန့်တွင် ကမ်းပါးပြိုကျမှုကြောင့် ၇ ဦးသေဆုံး၊ ၁၁ ဦးပျောက်ဆုံး
1 / 8
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဒီနေ့မနက်အစောပိုင်း ၂ နာရီခွဲလောက်က အမြင့်ပေ ၁ ထောင်လောက်ရှိတဲ့  စိန်လုံတောင် ကျောက်စိမ်းလုပ်ကွက် ကမ်းပါး ပြိုကျခဲ့တာကြောင့် ၇ ဦးသေဆုံးပြီး ၁၁ ဦး ပျောက်ဆုံးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆိပ်မူကျေးရွာအုပ်စု ကောင်စံကျေးရွာ၊ ကရင်ချောင်ကျေးရွာ၊ချောင်းဖျားကျေးရွာ  အနီးအနားမှာ ကမ်းပါး ပြိုကျခဲ့တာပါ။

ကမ်းပါးပြိုကျမှုကြောင့် ရာဇဌာနီ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီဝန်ထမ်း ၁၅ ဦးနဲ့ လုပ်ကွက် လုံခြုံရေးစောင့်ကြပ်တဲ့ ယာယီရဲကင်းတခု ရဲတပ်ဖွဲ့ဝင် ၃ ဦး မြေပြိုတဲ့အထဲ ပါသွားခဲ့တယ်လို့  ပြိုကျသွားတဲ့ စိန်လုံတောင်ကြောအနီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ရင်း ၃၀ မှ ရဲမှူးက ပြောပါတယ်။

" ရဲတပ်ဖွဲ့ဝင် ငါးယောက်ပါသွားတာ နှစ်ဦးကတော့ အသက်ရှင်လျက် ပြန်လွတ်လာတယ်။ ၃ ဦးကတော့ သေဆုံးတယ်။ အလောင်းကတော့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင် အလောင်းတလောင်း ရှာတွေ့ပြီ၊ ကုမ္မဏီလုံခြုံရး ဝန်ထမ်းက ၁၅ ဦးပါသွားတာ ၆ လောင်းတော့ ပြန်ရပြီ။ အားလုံးပေါင်း လောလောဆယ် ၇ လောင်းတော့ ရှာတွေ့ထားပြီ။"

တပိုင်တနိုင် လက်ကျင်းတူးသူ လူပေါင်းများစွာ သေဆုံးနိုင်တယ်လို့ ပြောဆိုနေကြပေမဲ့ လောလောဆယ် အတည်ပြုချက်တွေ မရနိုင်သေးဘူးလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

“အဲ့နားမှာ လက်ကျင်းတူးတဲ့ လူတွေလည်း ရှိတယ်နော်။ အနည်းဆုံးတော့ ၁၅ယောက်အယောက် နှစ်ဆယ်လောက်တော့ ပါသွားနိုင်တယ်နော်" လို့ ဟင်းတင့်ရွာသားတဦးကလည်း ပြောပါတယ်။

ကမ်းပါးပြိုကျမှုနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသကို ဇူလိုင် ၂၆ ရက်နေ့ကတည်းက ရောက်ရှိနေခဲ့တဲ့ ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလှဆိုင်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မရခဲ့ပါဘူး။

မိုးရာသီမှာ မြေပြိုမှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှုတွေကို ကာကွယ်တာဆီးနိုင်ရန် ရည်ရွယ်ပြီး ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို ဇူလိုင်လ တရက်နေ့ကနေ စက်တင်ဘာလကုန်အထိ မိုးတွင်းကာလ သုံးလကို တရားဝင် ရပ်နားထားဖို့ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (မကလ) က ညွှန်ကြားထားခဲ့တဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဇော်မိုးထက် (ဖားကန့်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013