DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ကျပ်သန်း ၃၇၀၀ ကျော် ထုတ်ချေးပေး
DVB
·
July 27, 2019
ကရင်ပြည်နယ် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ကျပ်သန်း ၃၇၀၀ ကျော် ထုတ်ချေးပေး
Donate to DVB

ကရင်ပြည်နယ်၊ တောင်သူလယ်သမားတွေ လယ်ယာဖွံ့ဖြိုးရေးကဏ္ဍမှာ ရင်းနှီးလုပ်ကိုင်နိုင်ဖို့ China EXIM Bank ချေးငွေကနေ ကျပ်သန်းပေါင်း ၃၇၀၀ ကျော် ပေးအပ်ခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်းက ဘားအံ၊ လှိုင်းဘွဲ၊ ဖာပွန်၊ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်ဆိပ်ကြီးနဲ့ သံတောင်ကြီး မြို့နယ် ၇ မြို့နယ်မှာရှိတဲ့ သမ၀ါယမအသင်းပေါင်း ၂၃၆ သင်းမှာပါဝင်တဲ့ အသင်းသား ၁၃၉၀၀ ကျော်အား ချေးငွေပေးအပ်တာကို ဘားအံမြို့၊ ပြည်နယ်သမ၀ါယမဦးစီးဌာနမှာ ကျင်းပပြုလုပ်ခဲ့တာပါ။

အခြေခံတောင်သူလယ်သမားတွေ စိုက်ပျိုးစရိတ်၊ သွင်းအားစု၊ စက်ကိရိယာတွေနဲ့ လိုအပ်တာတွေပံ့ပိုးပေးနိုင်ဖို့၊ ချေးငွေအပေါ်ကရတဲ့ အကျိုးအမြတ်နဲ့ ရင်းနှီးစုဆောင်းတတ်ဖို့၊ ချေးငွေမရှိတော့တဲ့အချိန် မိမိတိုဘာသာ ရပ်တည်လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ချေးငွေတွေကို ထုတ်ချေးပေးတာပါ။

ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက “ပြည်သူများရဲ့ လူမှုစီးပွားဘ၀တွေကို ပိုမိုတိုးတက်အောင် အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြပါ”လို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

သံတောင်ကြီးမြို့နယ်၊ သမ၀ါယမအသင်းစု၊ ဥက္ကဋ္ဌ ဦးစောဘင်ဂျမင် က “အဆင်ပြေမှုအတိုင်းအတာကတော့ ဘယ်လိုတိုင်းတာရမလဲတော့ မသိဘူး။ တဦးစီကတော့တူမှာ မဟုတ်ဘူး။ အောင်မြင်တဲ့လူတွေ တိုးတက်တဲ့ သူတွေ တိုးတက်လာတယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်သမ၀ါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်းက “ဒီချေးငွေနဲ့ပတ်သက်ပြီး လယ်ယာသုံး စက်ကိရိယာတွေ၊ မြေသြဇာတွေ သွင်းအားစုတွေ ဒါတွေပံ့ပိုးတဲ့အတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုရင် တောင်သူလယ်သမားတွေက ယခင်ကနဲ့ မတူတော့ဘူး”လို့ ပြောပါတယ်။

သမ၀ါယမလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာမှာ ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှာ အသင်းစုချုပ်၊ မြို့နယ်အသင်းစု၊ အခြေခံအသင်းပေါင်း ၅၉၂ သင်း အသင်းသား ၄၄၀၀၀ ခန့်ကို စုစုပေါင်းချေးငွေကျပ်သန်း ၄၅၀၀ ကျော်ကို ထုတ်ချေးပေးထားပြီးဖြစ်ပါတယ်။

လယ်ယာကဏ္ဍအသုံးပြုဖို့ ထွန်စက်ကြီး၊ လက်တွန်းထွန်းစက်အပါ ၃၅၃ စီး၊ ဆက်စပ်ပစ္စည်း ၅ မျိုး၊ ရိတ်သိမ့်ခြွေလှေ့စက် ၅ စီး၊ လယ်ယာမြေပြုပြင်ပြီးဧက ၉၂၁ ဧကကျော်၊ သွင်းအားစုတန်ဖိုး ၃၇ သန်းကျော် ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။

၁၁ ကြိမ်မြောက် ချေးပေးခဲ့တဲ့ချေးငွေတွေကို ပြန်လည်ပေးဆပ်ရာမှာ အစောဆုံးပေးအပ်ခဲ့တဲ့ အကောင်းဆုံးမြို့နယ်တွေကို ပထမ၊ ဒုတိယနဲ့ တတိယဆုတွေကို ချီးမြှင့်ပေးခဲ့ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ သမ၀ါယမအသင်းသားတောင်သူတချို့ အကြောင်းအမျိုးမျိုးကြောင့် ချေးငွေတွေကို သတ်မှတ်ကာလအတွင်း ပြန်လည်မပေးဆပ်နိုင်တဲ့အတွက် အရေးယူတရားစွဲခံရတာတွေရှိနေပေမယ့် ကရင်ပြည်နယ်အတွင်းမှာ ဒီကနေ့အထိ မရှိသေးဘူးလို့ တာဝန်ရှိသူက ပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013