DVB Logo
Home
မြန်မာသတင်း
အငြိမ်းစားဗိုလ်ချုပ်မှူးကြီး၏ လမ်းညွှန်ချက်ဖြင့် ပါတီထူထောင်ခြင်းမဟုတ်ဟု DNP ပါတီပြော
DVB
·
July 27, 2019
အငြိမ်းစားဗိုလ်ချုပ်မှူးကြီး၏ လမ်းညွှန်ချက်ဖြင့် ပါတီထူထောင်ခြင်းမဟုတ်ဟု DNP ပါတီပြော
Donate to DVB

အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) ကို အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လမ်းညွှန်ချက်နဲ့ ထူထောင်တာမဟုတ်ဘူးလို့ ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။

အငြိမ်းစားဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ မိတ်ဆက်ပွဲကို ဇူလိုင် ၂၇ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တာပါ။

ပါတီဥက္ကဋ္ဌ ဦးစိုးမောင်ဟာ စစ်အစိုးရလက်ထက်က ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီး (၂) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီကို အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လမ်းညွှန်ချက်နဲ့ ထူထောင်တာလို့ သတင်းထွက်ပေါ်နေတာတွေဟာ မဟုတ်မှန်ဘူးလို့ ပါတီဥက္ကဋ္ဌ ဦးစိုးမောင်က ပြောပါတယ်။

“ကျနော်တို့ရဲ့ ခံစားလာရတဲ့ ဘဝအတွေ့အကြုံ၊ ခံစားလာရတဲ့နိုင်ငံရေးအသိအမြင်၊ အတွေးအခေါ်နဲ့ ညှိနှိုင်းပြီးမှ သီးခြားကျနော်တို့ ဖွဲ့စည်းခဲ့တဲ့ပါတီဖြစ်ပါတယ်။ မည်သူတဦး တယောက်အဖွဲ့အစည်း၊ မည်သူ့နိုင်ငံရေးအတွေးအခေါ်နဲ့မှ ဖွဲ့စည်းခဲ့တဲ့ပါတီမဟုတ်ပါဘူး။” လို့ ပြောပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံတ၀န်းဝင်ပြိုင်မှာဖြစ်ပြီး တိုင်းရင်းသားပါတီတွေနဲ့ မိတ်ဖက်ပါတီအဖြစ် ရပ်တည်ဖို့ ကြိုးစားသွားမယ်လို့ ပါတီဥက္ကဋ္ဌက ဆိုပါတယ်။

အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် တပ်မတော်၊ မျိုးချစ် အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေနဲ့ပူးပေါင်းသွားမယ်လို့ဆိုပါတယ်။

ပါတီသာ လွှတ်တော်မှာ လုပ်ပိုင်ခွင့်ရ လာမယ်ဆိုရင် လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသွားမယ်လို့ ပါတီအတွင်းရေးမှူး ဦးခင်မောင်ကြည်က ပြောပါတယ်။

“လွတ်လပ်တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျနော်တို့ ကျင့်သုံးသွားမှာဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံဟာ အာဆီယံနိုင်ငံတခုဖြစ်သလို BIMSTEC (ဘင်းမ်စတက်)နိုင်ငံများနဲ့လည်း အဖွဲ့ဝင်တွေဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ ဘင်းမ်စတက်နိုင်ငံများနဲ့ ကျနော်တို့ဟာ စဉ်ဆက်မပြတ် ငြိမ်းချမ်းရေး၊ အတူယှဉ်တွဲရေး၊ မူကြီး ၅ ရပ်နဲ့အညီ ကျနော်တို့ဟာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါမှ ငြိမ်းချမ်းရေးနဲ့ အချင်းချင်း မိတ်မပျက်ပေါင်းသင်းဆက်ဆံရေး မူဝါဒကို ကျနော်တို့ဟာ စဉ်ဆက်မပြတ် ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။ လို့ ဆိုပါတယ်။

အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီဟာ အမျိုးသားရေးနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေကို ထောက်ခံသွားမှာဖြစ်ပြီး အမျိုးသားရေးကို ထိခိုက်နစ်နာစေမယ့်လုပ်ရပ်တွေကို လုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေကို အချိန်နေရာမရွေး ဆန့်ကျင်သွားမယ်လို့ ပါတီဦးဆောင်သူတွေက ဆိုပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013