DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ်ကို တိုက်ရိုက်ဝင်ခွင့်လျှောက်ထားသူ ၉၀၀ ကျော်သာရှိ
DVB
·
July 27, 2019
ရန်ကုန်တက္ကသိုလ်ကို တိုက်ရိုက်ဝင်ခွင့်လျှောက်ထားသူ ၉၀၀ ကျော်သာရှိ
Donate to DVB

ရန်ကုန်တက္ကသိုလ်ကို တိုက်ရိုက်ဝင်ခွင့်လျှောက်ထားတဲ့ ကျောင်းသာဦးရေဟာ ခေါ်ယူလိုတဲ့ ကျောင်းသားအင်အားရဲ့ ထက်ဝက်လောက်သာ ရှိတယ်လို့ သိရပါတယ်။

လာမယ့် ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသား၊ ကျောင်းသူ ၂၁၀၀ ကျော်ခေါ်ယူဖို့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှာ ကြေညာထားပေမယ့် တက္ကသိုလ်ကို တိုက်ရိုက်ဝင်ခွင့်လာလျှောက်တဲ့ ကျောင်းသားကတော့ ၉၀၀ ကျော်သာရှိပါတယ်။

ရန်ကုန်တက္ကသိုလ်ဟာ တက္ကသိုလ်ဝင်ခွင့် တိုက်ရိုက်ခေါ်ယူခွင့်ရကာ ဝင်ခွင့်ကို လူတွေ့ နှုတ်ဖြေစာမေးပွဲနဲ့ ရွေးချယ်ခွင့်ရတားတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။

ဒါကြောင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားတဲ့ ကျောင်းသား ၉၀၀ ကျော်ကို ဇူလိုင် ၂၇ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ  ရန်ကုန်တက္ကသိုလ်မှာ လူတွေ့နှုတ်ဖြေစာမေးပွဲ စစ်ဆေးနေတယ်လို့ ရန်ကုန်တက္ကသိုလ် လက်ထောက်မော်ကွန်းထိန်း ဦးအောင်စိုးက ပြောပါတယ်။

ရန်ကုန်တက္ကသိုလ်မှာတော့ ၀ိဇ္ဇာ၊ သိပ္ပံဘာသာရပ် ၂၆ ခုကို သင်ကြားပေးနေတာဖြစ်ပြီး ဘာသာရပ်တခုချင်းစီအလိုက် သတ်မှတ်ထားတဲ့ ရမှတ်ပြည့်မီတဲ့ ကျောင်းသားတွေကသာ လျှောက်ခွင့်ရရှိတာဖြစ်ပါတယ်။

ဒီပညာသင်နှစ်မှာတော့ ရှေဟောင်းသုသေန၊ ပညာဘာသာရပ်ကို လျှောက်ထားတဲ့ ကျောင်းသားဦးရေ အများဆုံးဖြစ်ပြီး မြန်မာမှုပညာကတော့ လျှောက်ထားမှုအနည်းဆုံးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာစစ်ဆေးနေတဲ့လူတွေ နှုတ်ဖြေစာမေးပွဲဟာ ရန်ကုန်တက္ကသိုလ်ကို ပထမဦးစားပေး တိုက်ရိုက်လာလျှောက်တဲ့ ကျောင်းသားတွေကို စစ်ဆေးနေတာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ကို ဒုတိယဦးစားပေးအနေနဲ့ လျှောက်ထားတဲ့ ကျောင်းသားတွေကိုတော့ ဒုတိယအကြမ် လူတွ့နှုတ်ဖြေစာမေးပွဲ စစ်ဆေးပေးသွားမှာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ်ဝင်ခွင်တိုက်ရိုက်ခေါ်ယူတာနဲ့ လူတွေ့နှုတ်ဖြေ စာမေးပွဲစစ်ဆေးမှုတွေကို အရင်ပညာသင်နှစ်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

သတင်းဓာတ်ပုံ---ဆုဆုသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013