DVB Logo
Home
မြန်မာသတင်း
ကျောက်ကြီးတွင် အမျိုးသားတဦး ရေတွင်းပျက်ထဲ ခုန်ချ သေဆုံး
DVB
·
July 27, 2019
ကျောက်ကြီးတွင် အမျိုးသားတဦး ရေတွင်းပျက်ထဲ ခုန်ချ သေဆုံး
Donate to DVB

ပဲခူးတိုင်း ကျောက်ကြီးမြို့မှာ ဇူလိုင် ၂၆ ရက်နေ့ ညနေပိုင်းက အမျိုးသား ၁ ဦး ရေတွင်းပျက်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ပွားခဲ့တယ်လို့ ကျောက်ကြီးမြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးကပြောပါတယ်။

သေဆုံးသူမှာ အရက်အသောက်များပြီး စိတ်မူမမှန်ဖြစ်နေတာကြောင့် မိခင်ဖြစ်သူနဲ့ ဆေးခန်းလာပြပြီး အပြန် လမ်းဘေးရှိ လူနေထိုင်ခြင်းမရှိတဲ့ ခြံဝင်းအတွင်းရှိ ရေးတွင်းပျက်ထဲ ခုန်ချခဲ့တာလို့ ဆိုပါတယ်။

"အခုသေဆုံးတဲ့သူက အရက်ကြောင့် စိတ်ကပုံမှန်မဟုတ်တဲ့အတွက် သူ့ရဲ့အမေနဲ့ဆေးခန်းလာပြတာ။ အပြန်မှာဖြစ်သွားတာပါ။ ကျနော်တို့အဖွဲ့နဲ့ မီးသတ်အဖွဲတွေ ရောက်သွားပြီး ကယ်ဆယ်ရေးကို လုပ်ခဲ့တယ်။ ဒါပေမဲ့ အချိန်မမီလိုက်ဘူး" လို့ ကျာက်ကြီးမြို့မစခန်းမှ တာဝန်ရှိသူကပြောပါတယ်။

သေဆုံးသူမှာ၊ ကျွဲတလင်းကျေးရွာအုပ်စု မတောကုန်းကျေးရွာမှာ နေထိုင်သူ ကိုအုန်းသီး (၃၉) နှစ်ဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်စုံစမ်းစစ်ဆေးနေပြီး အမှုအား ကျောက်ကြီးမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၇/၂၀၁၉) နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

သတင်း ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013