DVB Logo
Home
မြန်မာသတင်း
ဂွမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်သဖြင့် နေအိမ် ၁၄ လုံးပျက်စီး
DVB
·
July 27, 2019
ဂွမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်သဖြင့် နေအိမ် ၁၄ လုံးပျက်စီး
Donate to DVB

ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ကျင်းကြီးကျေးရွာအုပ်စုက ရမ္မာကျွန်းကျေးရွာမှာ ဇူလိုင် ၂၆ ရက်နေ့က လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၁၄ လုံးနဲ့ လယ်ထွန်းစက် ၁ လုံး ပျက်စီးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

နေအိမ် ၁၄ လုံးထဲက ၅ လုံး လုံးဝပျက်စီးသွားပြီး ကျန်တဲ့နေအိမ်တွေကတော့ ပြန်ပြုပြင်လို့ရတဲ့ အနေအထားမှာ ရှိတယ်လို့ ရမ္မာကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူ ဦးသုခက ပြောပါတယ်။

“လေဆင်းမောင်းတိုက်လို့ပျက်စီးသွားတာပါ။ aနအိမ်က စာရင်းတိတိကျကျပြောရဆိုရင် အားလုံးပေါင်း ပျက်စီးသွားတာတွေက ၁၄ လုံးပေါ့။ နေအိမ်တွေက ၅ လုံးကတော့ လုံးလုံးပျက်စီးသွားတယ်” လို့ ပြောပါတယ်။

နေအိမ်ပျက်စီးသွားတဲ့သူတွေထဲက အများစုဟာ စီးပွားရေးအရ ချို့တဲ့သူတွေဖြစ်ပြီး လက်ရှိမှာတော့ တချို့က ပြန်ဆောက်နေကြပြီဖြစ်သလို တစ်ချို့ကတော့ ဆွေမျိုးနေအိမ်တွေမှာ တည်းခိုနေကြတယ်လို့ ရမ္မာကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးကတော့ ဒီလိုပျက်စီးဆုံးရှုံးမှုတွေကို စာရင်းကောက်ယူပြီး မြို့နယ်နဲ့ ခရိုင်တာဝန်ရှိသူတွေကို တင်ပြထားတာကြောင့် ကြက်ခြေနီအဖွဲ့က လာရောက်မယ်လို့တော့ ဆိုပါတယ်။

ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးရဲမင်းဦးက ”နေအိမ်တွေ ပျက်စီးသွားတာကတော့ကို သံတွဲခရိုင်ကို အကြောင်းကြားထာပါတယ်။ နေအိမ်ပျက်စီးသွားတာနဲ့ပတ်သက်လို့ ပစ္စည်းဖိုး နှုန်းထားတွေကို ပေးသွားမှာပါ။ အိမ်ဘယ်နှလုံး၊ လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ တွက်ချက်ပြီးတော့ ပေးသွားမှာပါ။” လို့ ပြောပါတယ်။

ရမ္မာကျွန်းကျေးရွာမှာ နေအိမ် ၁၃၀ လောက်ရှိပြီး ရခိုင်ပြည်နယ်ဟာ ပင်လယ်ကမ်းရိုးတမ်း ဒေသတခုဖြစ်တဲ့အလျောက် မိုးတွင်းရာသီ ကျရောက်တိုင်း လေဆင်နှာမောင်းတွေ မကြာခဏကျရောက်လေ့ရှိတတ်ပါတယ်။

ပြီးခဲ့တဲ့ လကလည်း မြောက်ဦးမြို့နယ် စင်္ဘောကိုင်းစစ်ရှောင်းစခန်းမှာ လေဆင်နှာမောင်း ဝင်ရောက်ခဲ့တာကြောင့် စစ်ဘေးရှောင်တွေ အခက်ခဲကြုံခဲ့ကြရပါသေးတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013