DVB Logo
Home
မြန်မာသတင်း
မြန်မာလေကြောင်း ပြည်တွင်း လေယာဉ်ခများ ဈေးတက်
DVB
·
December 5, 2012
မြန်မာလေကြောင်း ပြည်တွင်း လေယာဉ်ခများ ဈေးတက်
Donate to DVB

နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်တဲ့ မြန်မာလေကြောင်းလိုင်းဟာ ပြည်တွင်းပြေးဆွဲနေတဲ့ ခရီးစဉ်တွေအားလုံးရဲ့ လေယာဉ်လက်မှတ်ခတွေကို ဒီကနေ့ စတင်တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

မြန်မာလေကြောင်းလိုင်းက ပြည်တွင်းပြေးဆွဲနေတဲ့ ခရီးစဉ်တွေအားလုံးကို ပျမ်းမျှ မြန်မာကျပ်ငွေ ၂ ထောင် လောက်ကနေ ၅ ထောင်လောက်အထိ ခရီးစဉ်ပေါ်လိုက်ပြီး တိုးမြှင့်လိုက်တာလို့  မြန်မာလေကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနက ပြောပါတယ်။

အသစ်တိုးမြှင့်လိုက်တဲ့ ဈေးနှုန်းသစ်တွေကတော့ ရန်ကုန် - နေပြည်တော်ကို ကျပ်ငွေ  ၄၃,၀၀၀ ကနေ ၄၅,၀၀၀၊ ရန်ကုန် - မန္တလေးက ၅၇,၀၀၀ ကနေ ၆၀,၀၀၀၊ ရန်ကုန် - မြစ်ကြီးနားက ၁၀၅,၀၀၀ ကနေ  ၁၁၀,၀၀၀၊  ရန်ကုန် - ထားဝယ် ၅၀,၀၀၀ ကနေ  ၅၂,၀၀၀၊  ရန်ကုန် - မြိတ် ၆၅,၀၀၀ ကနေ ၆၈,၀၀၀ စသဖြင့် ဈေးတက်သွားတာပါ။

လေယာဉ်ဆီ အတက်အကျကြောင့် ခုလို လက်မှတ်ခတွေ တက်သွားရတာလို့ နေပြည်တော် မြန်မာလေကြောင်း ဌာနခွဲ တာဝန်ခံအရာရှိ ဦးဆန်းထင်ဝင်း က ပြောပါတယ်။

“လေယာဉ်ဆီ အတက်အကျက စွမ်းအင်ဌာနကနေ လစဉ်ရှိတယ်၊ အဲအပေါ် မူတည်ပြီး လေယာဉ်ဆီပေါ် မူတည်ပြီး ကျနော်တို့က လေယာဉ်ဈေး တက်လိုက် ကျလိုက် အပြောင်းအလဲ လုပ်ရတာပါ။ ”

လေယာဉ်လက်မှတ်ခတွေ အပြောင်းအလဲရှိပေမယ့် ခရီးသည်တွေအတွက် ၀န်ဆောင်မှုကတော့ အပြောင်းအလဲမရှိဘူးလို့ သိရပါတယ်။ နိုင်ငံပိုင်လေကြောင်းလိုင်းက ခုလို ပြည်တွင်းလေယာဉ် လက်မှတ်ခတွေ မြှင့်လိုက်ပေမယ့် ပုဂ္ဂလိက လေကြောင်းလိုင်းတွေကတော့ လေယာဉ်လက်မှတ်ခ အပြောင်းအလဲ မရှိသေးဘူးလို့ သက်ဆိုင်ရာ လေကြောင်းလိုင်းတွေက ပြောပါတယ်။

နိုင်ငံပိုင် မြန်မာလေကြောင်းလိုင်းကို ၁၉၄၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံ လေကြောင်းသယ်ယူပို့ဆောင်ရေး အဖွဲ့ (ယူဘီအေ)  အမည်နဲ့ စတင်ထူထောင်ပြီး ပြည်တွင်းခရီးစဉ်တွေ ပြေးဆွဲနေတာဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ်မှာ မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်း (ဘီအေစီ) အဖြစ် ပြောင်းလဲခဲ့ပြီး ၁၉၈၉ မှာ မြန်မာ လေကြောင်းလိုင်းအဖြစ် အမည်ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013