DVB Logo
Home
မြန်မာသတင်း
တောင်သမန်အင်း ခရီးသွားပြည်သူများ အန္တရာယ်ကင်းရန် ငှက်လှေသမားများ ကင်းလှည့်
DVB
·
July 27, 2019
တောင်သမန်အင်း ခရီးသွားပြည်သူများ အန္တရာယ်ကင်းရန် ငှက်လှေသမားများ ကင်းလှည့်
Donate to DVB

မန္တလေးတိုင်း အမရပူရမြို့နယ်က တောင်သမာန်အင်း ရေကြီးချိန်ဖြစ်တဲ့အတွက် ခရီးသွားပြည်သူတွေ အန္တရာယ်ကင်းဖို့အတွက် ငှက်လှေသမားတွေက ကင်းလှည့်တာတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

အရင်က ငှက်လှေသမားတွေအနေနဲ့ ကင်းလှည့်တာတွေ မလုပ်ခဲ့တဲ့အတွက် ဦးပိန်တံတားပေါ်ကနေ ပြုတ်ကျသေဆုံးတာတွေရှိတယ်လို့ ငှက်လှေသမားတွေက ပြောပါတယ်။

ခရီးသွားတွေ ပြုကျခဲ့ရင် အလွယ်တကူဆယ်နိုင်အောင် တနာရီခြား ကင်းလှည့်တယ်လို့ တောင်သမာန်အင်း ငှက်လှေအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းက တောင်သမာန်အင်းရေဟာ ပတ်လမ်းကို ကျော်နိုင်မယ့် အနေအထားကနေ အခုအခါမှာ ပြန်ကျသွားပြီဖြစ်ပါတယ်။ ခရီးသွားဧည့်သည်လာရောက်တာ များပေမယ့် ငှက်လှေစီးတဲ့သူ နည်းတယ်လို့ သိရပါတယ်။

ရေကြီးတဲ့အချိန်ဖြစ်တာကြောင့် မစီးရဲကြဘူးလို့ ငှက်လှေလုပ်သား ဦးဘဒင်က ပြောပါတယ်။

မကြာခင်မှာ တောင်ပြုန်းပွဲတော် နဲ့ ရတနာ့ဂူပွဲတော်တွေ ကျင်းပတော့မှာဖြစ်တဲ့အတွက် ပြည်တွင်းခရီးသွား အများဆုံး ဝင်ရောက်လာမှာဖြစ်ပါတယ်။

ပြည်တွင်းခရီးသွားတွေ ဝင်ရောက်မှာဖြစ်တဲ့အတွက် ငှက်လှေတွေကိုလည်း ကြံ့ခိုင်မှု စစ်ဆေးတာတွေနဲ့ ဆေးသုတ်အလှဆင်တာတွေ လုပ်မယ်လို့ တောင်သမာန်အင်း ငှက်လှေအသင်းက သိရပါတယ်။

တောင်သမာန်အင်း ငှက်လှေအသင်းမှာ ခရီးသည်တွေ အပန်းဖြေစီးနိုင်ဖို့ ငှက်လှေ အစီးရေ ၄၄ စီးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013