DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေ
DVB
·
July 27, 2019
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေ
Donate to DVB

ဒီနေ့မနက် ၆ နာရီခွဲ တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ကပ္ပလီပင်လယ်ပြင်မှာ မုတ်သုံလေ အား အသင့်အတင့် ရှိနေပါတယ်။

စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မကွေးတိုင်းတို့မှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းမှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်း ဧရာဝတီတိုင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ စစ်ကိုင်းတိုင်း‌အထက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်၊ ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၁ ပေခန့်နဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၈ ပေခန့် ရှိနိုင်ပါတယ်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ မုတ်သုံလေ အားကောင်းမယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ ရန်ကုန်မြို့တို့နဲ့ အနီးတဝိုက်မှာ ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ မိုးအသင့်အတင့် ထစ်ချုန်း ရွာမယ်၊ မန္တလေးမြို့နဲ့ အနီးတဝိုက်မှာတော့ မိုးတကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013