DVB Logo
Home
မြန်မာသတင်း
စက်မှုဝန်ကြီးကို နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတရုံး ထုတ်ပြန်
DVB
·
July 27, 2019
စက်မှုဝန်ကြီးကို နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတရုံး ထုတ်ပြန်
Donate to DVB

စက်မှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုကို နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတရုံးထုတ်ပြန်

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုကို ဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ သမ္မတရုံးက ဇူလိုင် ၂၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါဟာ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ နုတ်ထွက်ရတဲ့ တတိယမြောက် ပြည်ထောင်စုဝန်ကြီးဖြစ်ပါတယ်။

စက်မှုဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုကို ရာထူးမှ နုတ်ထွက်စေပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးနဲ့ အစားထိုးသွားဖို့ရှိတယ်လို့ အခုရက်ပိုင်းအတွင်း သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် အခုလို နုတ်ထွက်ခွင့်ပြုလိုက်တာပါ။

စက်မှုဝန်ကြီးအနေနဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအတွက် လူနာတင်ယာဉ်တွေ ဝယ်ယူတင်သွင်းတဲ့ ကိစ္စအပါအဝင် BPI ဆေးဝါး စက်ရုံအတွက် သိန်းပေါင်း ၁ သောင်းကျော် တန်းဖိုးရှိ ကုန်ကြမ်းပစ္စည်းတွေကို တင်ဒါခေါ်ယူခြင်းမရှိဘဲ ဝယ်ယူခဲ့တဲ့ ကိစ္စတွေအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013