DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးတွင် ကရင်ပြည်နယ်က ကျောင်းထွက်နှုန်း အများဆုံးဖြစ်
DVB
·
July 26, 2019
တနိုင်ငံလုံးတွင် ကရင်ပြည်နယ်က ကျောင်းထွက်နှုန်း အများဆုံးဖြစ်
Donate to DVB

ကရင်ပြည်နယ်ရဲ့ အနာဂတ်အတွက် လူငယ်တွေကိုအားကိုးပြီး အဓိကထားရမယ် အခြေအနေမျိုးမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ နှိုင်းယှဉ်ရင် ကျောင်းမပြီးဘဲ ကျောင်းထွက်တဲ့ ပြည်နယ်တွေထဲမှာ ကရင်ပြည်နယ်ဟာ အများဆုံးဖြစ်တယ်လို့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က ပြောပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ဇူလိုင် ၂၆ ရက် နေ့လယ်ကပြုလုပ်တဲ့ တတိယအကြိမ် ကျေးလက်အခြေပြု သက်မွေးပညာ သင်တန်းဆင်းပွဲနဲ့ သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားမှာ အခုလို ပြောဆိုလိုက်တာပါ။

“ကရင်ပြည်နယ်ရဲ့ အနာဂတ် လူငယ်တွေကိုပဲ အားကိုးပြီးတော့ အဓိကထားရမယ့် အခြေအနေမျိုးမှာ ရှိပါတယ်။ လူငယ်ကိုပြန်ကြည့်မယ်ဆိုရင်လည်း ကရင်ပြည်နယ်မှာ မြန်မာနိုင်ငံတနိုင်ငံလုံးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကျောင်းမပြီးဘဲနဲ့ထွက်တဲ့ ပြည်နယ်ထဲမှာ အများဆုံးပါတယ်။ မူလတန်း၊ အလယ်တန်းတွေမှာ အထွက်နည်းတယ်။ အလယ်တန်းအပြီးနဲ့ အထက်တန်းအစမှာ တော်တော်များတယ်” လို့ ပြောပါတယ်။

သင်တန်းကို အလုပ်အကိုင်အခွင့်အလမ်း လက်လှမ်းမမီတဲ့ အမျိုးသား အမျိုးသမီးတွေ၊ အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင်မှုနဲ့ ၀င်ငွေပိုမိုတိုးပွားလာစေဖို့၊ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိဖို့နဲ့ ကိုယ်ပိုင်လုပ်ငန်းနဲ့ အသက်မွေးနိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့တာပါ။

သင်တန်းကို ဆွစ်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SDC)ရဲ့ ရန်ပုံငွေထောက်ပံ့ပေးမှုနဲ့ အစိုးရနည်းပညာ အထက်တန်ကျောင်း(ဘားအံ)၊ Swisscontact နဲ့ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့(LRC)တို့ ပူးပေါင်းဖွင့်လှစ်ခဲ့တာပါ။

သင်တန်းမှာ စက်ချုပ်၊ အရောင်းစာရေး၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း၊ ကျေးလက်စက်ပြင်၊ ပန်းရံ၊ ရေပိုက်ဆက် ပိုက်ပြင်၊ ဆံပင်နဲ့မိတ်ကပ် အလှပြှုပြင်ခြင်း သင်တန်း ၇ မျိုးကို ၃ လကြာ သင်ကြားပေးခဲ့ပြီး သင်တန်းသားသင်တန်းသူ ၁၂၁ ဦး တက်ရောက် အောင်မြင်ခဲ့ပါတယ်။

အခုသင်တန်းဟာ အခမဲ့သင်တန်းဖြစ်ပြီး သင်တန်းသား သင်တန်းသူတွေကို နေထိုင်သွားလာရေး၊ စားစရိတ် ထောက်ပံပေးတဲ့အပြင် နေ့တွက်စရိတ်တွေကိုပါ ထောက်ပံ့ပေးခဲ့ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013