DVB Logo
Home
မြန်မာသတင်း
ရ​သေ့​တောင်​မြို့နယ်တွင် မိုင်း ၂ လုံး​ပေါက်​ကွဲ၊ ​ကျေးရွာသားများ နေရပ်​စွန့်​ခွာထွက်ပြေး
DVB
·
July 26, 2019
ရ​သေ့​တောင်​မြို့နယ်တွင် မိုင်း ၂ လုံး​ပေါက်​ကွဲ၊ ​ကျေးရွာသားများ နေရပ်​စွန့်​ခွာထွက်ပြေး
Donate to DVB

ရခိုင်ပြည်နယ်၊ ရ​သေ့​တောင်​မြို့နယ်ထဲမှာ မိုင်းနှစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် ဒေသခံရွာသား တွေထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရ​သေ့​တောင်​မြို့နယ်​ ပြည်​သူ့ လွှတ်​​တော်​ကိုယ်​စားလှယ် ​ ဒေါ်ခင်​​စေ​ဝေက​ ပြောပါတယ်​။

ဇူလိုင်​ ၂၅ ရက်​​ ​နေ့လည်​ ၁၂ နာရီလောက်မှာ  ချွတ်​ပြင်​​ကျေးရွာနဲ့ ပိ​တောက်​မြိုင်​အကြား တံတားအနီး မိုင်းပေါက်ကွဲလို့ ချွတ်​ပြင်​၊ ပြင်​ရှည်​နဲ့ ပိ​တောက်​မြိုင်​စတဲ့ ​ကျေးရွာ ၃ ရွာက ရွာသားတွေဟာ အနီးနားရှိ ​စေတီပြင်​​​ကျေးရွာနဲ့ တခြား​ကျေးရွာတွေကို ထွက်​​ပြေးနေကြတာလို့ ဆိုပါတယ်။

ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဒေါ်ခင်​​စေ​ဝေက​ "​ကျေးရွာ ၃ ရွာလုံး ​စေတီပြင်​ကို ​ရောက်​​နေကြတယ်​လို့သိရတယ်​။ မနက်​ပိုင်းကချွတ်​ပြင်​ တံတားအနီး မိုင်း​​တွေ​ပေါက်​ကွဲတဲ့ အတွက်​ စိုးရိမ်​ထိတ်လန့်​ကာ ထွက်​​ပြေးသွားကြတာ" လို့ေ့ပြာပါတယ်​။

မိုင်းပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာနဲ့ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူ ရှိမရှိဆိုတာကတော့ မသိရသေးပါဘူး။

လတ်တလော ​စေတီပြင်​​ကျေးရွာမှာ  ထွက်ပြေးလာတဲ့ ရွာသားလူဦး​ရေ ၈၀ ​ကျော်​ ခိုလှုံရောက်​ရှိ​နေကြပြီး လက်​ရှိ ဘုန်း​တော်​ကြီး​ကျောင်း ဓမ္မာရုံမှာ နေရာချထား​ပေးထား​ပြီး နီးစပ်​ရာ​ဆွေမျိုးတွေရဲ့ နေအိမ်​မှာ ထိုင်​​နေကြသူတွေလည်းရှိပါတယ်။

သူတို့ရဲ့ စားဝတ်​​နေ​ရေးအတွက်​ အခက်​အခဲရှိ​ကြောင်း ​စေတီပြင်​​ ပရဟိတ္တအသင်းဝင် ကို​အောင်​မင်းစိုးက​ ပြောပါတယ်​။

"​စေတီပြင်​​ကျေးရွာမှာ ယခင်​ကတည်းက  စစ်​​ဘေး​ရှောင်​စခန်းမှာ လူဦး​ရေ ၃၀၀ ​ကျော်​ရှိ​နေတာပါ။ အခု ​ရောက်​ရှိလာတဲ့ လူ ၈၀ ​ကျော်​အတွက်​ အခုဆန်​​ကောက်​​နေသူ​တွေရှိသလို အခု ကျနော်ကိုယ်တိုင်  ​ကျေးရွာမှာ ထမင်းထုပ် တွေကောက်​ယူပြီး ရှာ​ဖွေ​ကျွေးနေရတာပါ"

ထွက်ပြေးလာသူတွေထဲမှာ ချွတ်​ပြင်​ရွာက ၂၅၀ဦး၊ ပိတောက်မြိုင်က လူဦး​ရေ ၂၈၀ဦး၊  ပြင်​ရှည်​ရွာက ၁၃၀ ဦးတို့ဖြစ်​ကြပါတယ်​။

ထွက်​​ပြေးလာတဲ့ ပိ​တောက်​မြိုင်​ရွာသား ကိုသိန်း​အောင်​က "အိမ်​က ဘာမှ ယူဖို့မရခဲ့ပါဘူး။ လူ​တွေ​ပြေးကြတယ်​ဆို​တော့ မိန်းမနဲ့ က​လေး​တွေကို ​ခေါ်ပြီး ထွက်​​ပြေးလာခဲ့တာပါ။ ချွတ်​ပြင်​ကလည်း​ပြေး၊  ပြင်​ရှည်​ကလည်းပြေး ဆို​တော့ ပိ​တောက်​မြိုင်​ကလည်း ပြေးကြတာပါပဲ။ မိုင်း​ပေါက်​တယ်​ဆို​တော့ ရွာသူရွာသား​တွေက စစ်​တပ်​ ရွာ​တွေကိုဝင်​​ရောက်​ပြီး မဟုတ်​မမှန်​စွပ်​စွဲ ဖမ်းဆီးမှာကို စိုးရိမ်​ပြီး ထွက်​​ပြေးကြတာပါ။ ကျနော်တို့ ရွာမှာ​တော့ သက်​ကြီးရွယ်​အို​တွေ ကျန်​​နေခဲ့တာ ရှိပါတယ်​။" လို့​ပြောပါတယ်။

စေတီပြင်​​ကျေးရွာမှာ တပ်​မ​တော်​နဲ့ အေအေတို့အကြား တိုက်​ပွဲတွေကြောင့် အရင်ကတည်းက ထွက်ပြေးလာကြတဲ့  ​မေယု အ​ရှေ့ဘက်ကမ်းဒေသက ​ကျောက်​ခုန်​ဘုတ်​၊ သိုက်​တဘုတ်​၊ ကျောက်​တန်း စတဲ့ ကျေးရွာတွေက လူဦး​ရေ ၃၀၀ ​ကျော်​ဟာ   UNHCRက ဆောက်​လုပ်​​ပေး​ထားတဲ့ ယာယီအ​ဆောင်​တွေမှာ နေထိုင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013