DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 26, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၇၆၄၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။

ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ တအိတ်ကို ၇၈၀၀၀  ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ တအိတ်ကို ၁၆၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်)က ပိဿာ ၆၀ ၀င် တအိတ်ကို ၉၈၀၀၀ ကနေ ၉၉၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေး တက်လာပါတယ်။

အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်) တအိတ်ကို ၉၆၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင်မှာ ၃၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ကုလားပဲ(နိုင်းတူးနိုင်း)

မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ(နိုင်းတူးနိုင်း)က ၅၆.၂၅ ပိဿာဝင်တအိတ်ကို ၈၁၀၀၀ ကနေ ၈၁၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ ကုလားပဲ(နိုင်းတူးနိုင်း) တအိတ်ကို ၇၉၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ ၂၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက ၄၅ ပိဿာဝင် တအိတ်ကို ၁၆၈၀၀၀ ကနေ ၁၇၂၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မုံရွာကုန်စည်ဒိုင်မှာနှမ်းဖြူတအိတ်ကို ၁၅၇၅၀၀ ကနေ ၁၆၅၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင်မှာ ၇၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီတပိဿာကို ၁၅၃၀ ပေါက်ဈေးရှိပြီး ၅ ကျပ်ဈေး ကျဆင်းသွားပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာ စားအုန်းဆီ တပိဿာကို ၁၅၆၀ ကနေ ၁၅၇၀ ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင်မှာ ၄၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ပဲကြီး

နတ်တလင်းကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင် တအိတ်ကို ၆၉၀၀၀ ပေါက်ဈေးရှိပြီး ၉၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၁၀၅၀၀၀ ပေါက်ဈေး ရှိပါတယ်။ နတ်တလင်းနဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ ၃၆၀၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013