DVB Logo
Home
မြန်မာသတင်း
မုဒုံမြို့နယ်က မူကြိုကျောင်းဆရာမ အသတ်ခံရမှု အမှုမှန် ဖော်ထုတ်ပေးရန် မိသားစု တောင်းဆို
DVB
·
July 26, 2019
မုဒုံမြို့နယ်က မူကြိုကျောင်းဆရာမ အသတ်ခံရမှု အမှုမှန် ဖော်ထုတ်ပေးရန် မိသားစု တောင်းဆို
Donate to DVB

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကောခပုံကျေးရွာက မူကြိုကျောင်းဆရာမ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အမှုမှန် ဖော်ထုတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။

မူကြိုကျောင်းဆရာမ မအေးအေးမွန်ဟာ ဇူလိုင် ၆ ရက်က နေအိမ်ကနေ မုဒုံဈေးကိုသွားရာမှာ ပျောက်ဆုံးခဲ့ပြီး ဇူလိုင် ၁၅ ရက်နေ့မှာတော့ ကောခပုံကျေးရွာအနီးရှိ ဆည်မြောင်းအပိုင် မြောင်းအတွင်းမှာ လည်ပင်းကြိုးကွင်း ပတ်ချည်ထားပြီး ပလတ်စတစ် အိတ်အတွင်း သေဆုံးနေတဲ့ အနေအထားနဲ့ ပြန်လည်တွေ့ရှိခဲ့တာပါ။

ပြန်လည် တွေ့ရှိချိန်မှာတော့ သူမ ဝတ်ဆင်သွားတဲ့ ရွှေဆွဲကြိုး၊ ဟန်းချိန်း အပါအဝင် ရွှေ ၂ ကျပ်သား နီးပါးနဲ့ Samsung အမျိုးအစား ဖုန်းတလုံး ပျောက်ဆုံးသွားခဲ့ပြီး၊ သူမ စီးသွားတဲ့ ဆိုင်ကယ်ကိုတော့ မုဒုံဈေးမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် သူမ အသတ်ခံရမှုကို အမှုမှန် ဖော်ထုတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်တာပါ။

မအေးအေးမွန်ရဲ့ မိခင် ဒေါ်ခင်စန်းက “ကိုယ့်သမီးလည်း ပြန်မရတော့ဘူးဆိုတော့ အမှုမှန် မြန်မြန်ပေါ်စေချင်တယ်။ ဖမ်းလို့မရဘူးဆိုရင် တခြားသူတွေလည်း ကိုယ့်သမီးလို ဖြစ်မှာကြောက် တယ် မဖြစ်စေချင်ဘူးလေ။ အမှုမှန်မြန်မြန်ပေါ်ပေါက်စေချင်တယ်” လို့ ပြောပါတယ်။

အသတ်ခံခဲ့ရတဲ့ ဆရာမ မအေးအေးမွန်ဟာ ကောခပုံ မူကြိုကျောင်းမှာ စာသင်ကြားပေးနေတာ  ဖြစ်ပြီး၊ သူမရဲ့ လုပ်ဖော်ကိုင်ဖက် ဆရာမတွေကလည်း အမှုမှန် ဖော်ထုတ်ပေးဖို့ လိုလားနေကြပါတယ်။

ဆရာမ မအေးအေးမွန် သေဆုံးမှုနဲ့ ပတ်သက်ပြီး နယ်မြေရဲစခန်းအနေနဲ့ လက်ရှိမှာတော့ လူ ၁၈ ဦးအထိ စစ်ဆေးထားပြီး မသင်္ကာတရားခံလို့ ယူဆရတဲ့ အမျိုးသား နှစ်ဦးကို ရမန်ယူ စစ်ဆေးနေတယ်လို့ မုဒုံမြို့မ စခန်းမှူးက ဒီဗွီဘီကို ပြောပါတယ်။

ဆရာမ မအေးအေးမွန် သေဆုံးမှုကို မုဒုံမြို့မရဲစခန်းမှာလူသတ်မှုဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ အပြင် လုယက်မှု ဥပဒေ ပုဒ်မ ၃၉၂ တို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း- ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013