DVB Logo
Home
မြန်မာသတင်း
ဖျာပုံမြို့နယ် ရေမြောင်းအတွင်း ၁၀ နှစ်အရွယ် မိန်းကလေးငယ်အလောင်း တွေ့ရှိ
DVB
·
July 26, 2019
ဖျာပုံမြို့နယ် ရေမြောင်းအတွင်း ၁၀ နှစ်အရွယ် မိန်းကလေးငယ်အလောင်း တွေ့ရှိ
Donate to DVB

ဧရာဝတီတိုင်း ဖျာပုံမြို့နယ်၊ ကျုံစီကျေးရွာရှိ ရန်အေးစေတီအနီး ရေမြောင်းအတွင်းမှာ  ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ၁၀ အရွယ် မိန်းကလေးငယ်တဦးအား တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

မိန်းကလေးငယ် ၁ ဦး သေဆုံးနေကြောင်း ဇူလိုင် ၂၅ ရက်နေ့ မနက်အစောပိုင်း ၃ နာရီခွဲမှာ သတင်းအရ ကျုံကျိုက်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ကျေးရွာနေ မခိုင်ဇင် (၁၀) နှစ်ဟာ လည်ပင်းဖူးရောင်၊ နားသီးနှစ်ဖက် ပြတ်ထွက် ဒဏ်ရာတွေနဲ့ သေဆုံးနေပြီး ဝတ်ဆင်ထားတဲ့ ၂ ပဲသားခန့်ရှိ ရွှေနားဆွဲ ၁ ရံမှာ ပျောက်ဆုံးနေတာ တွေ့ရှိခဲ့ရလို့ အလောင်းအား ဖျာပုံမြို့ပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့ပါတယ်။

ဖြစ်စဉ်အား စုံစမ်းရာ ဇူလိုင် ၂၄ ရက်နေု့ မနက် ၆ နာရီခွဲအချိန်မှာ မခိုင်ဇင်ရဲ့ ဖခင်ဖြစ်သူ ဦးအောင်သန်းဇော်နဲ့ မိခင်ဖြစ်ဒေါ်မိုးမိုးခိုင်တို့ဟာ ချောင်းတဖက်ကမ်းရှိ လယ်ထဲကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ မခိုင်ဇင်အား အဖိုးဖြစ်သူ ဦးစိန်ဟန်ရဲ့အိမ်မှာ အပ်နှံထားခဲ့ပါတယ်။

နေအိမ် ပြန်လည်ရောက်ရှိပြီး သွားရောက်ခေါ်ဆောင်ချိန်မှာ သမီးဖြစ်သူအား မတွေ့ရှိရလို့ စုံစမ်းမေးမြန်းရာ ဒေါ်မိုးမိုးခိုင်ရဲ့ မောင်ဖြစ်သူ ဖိုးကဲ(ခ)ဖြိုးမင်းထွန်းနှစ်က ခေါ်ဆောင် သွားကြောင်း သိရလို့ လိုက်လံရှာဖွေရာမှာ သမီးဖြစ်သူရဲ့ အလောင်းအား ရန်အေးစေတီအနီး ရေမြောင်းအတွင်း တွေ့ရှိခဲ့တာပါ။

ရဲတပ်ဖွဲ့ဝင်တွေက ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၅ နာရီခွဲအချိန်မှာ ဖိုးကဲ(ခ) ဖြိုးမင်းထွန်းအား ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာအနီး ကျိုက်လတ်-ဖျာပုံ ကားလမ်းပေါ်မှာ ဖမ်းဆီးရမိခဲ့ပြီး အတွင်းခံ ဘောင်းဘီအတွင်းမှ ရွှေနားဆွဲ ၁ ရံအား သိမ်းဆည်းရမိခဲ့တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ (လူသတ်မှု၊ လုယက်မှု) နဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဖိုးကဲ(ခ) ဖြိုးမင်းထွန်းအား စစ်ဆေးမေးမြန်းချက်အရ ရည်းစားဖြစ်သူနဲ့ စကားများရန်ဖြစ်စဉ် ဖုန်းရိုက်ခွဲခဲ့တာကို ရည်းစားဖြစ်သူက မကြာခဏ အလျော်တောင်းနေတာကြောင့် တူမဖြစ်သူ မခိုင်ဇင်အား နားဆွဲချွတ်ပေးဖို့ တောင်းယူရာ မပေးလို့ အသင့်ပါလာတဲ့ ဝါးလုံးနဲ့ ရိုက်နှက်ကာ အနီးရှိ ရေမြောင်းအတွင်း ရေနှစ်သတ်ခဲ့ပြီး နားဆွဲအား ဆွဲဖြုတ်ယူခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013