DVB Logo
Home
မြန်မာသတင်း
မောင်တူးဝေယံကို အိုးဘိုအကျဉ်းထောင်မှ လူငယ်သင်တန်းကျောင်းသို့ ပြောင်းရွှေ့ ချုပ်နှောင်
DVB
·
July 26, 2019
မောင်တူးဝေယံကို အိုးဘိုအကျဉ်းထောင်မှ လူငယ်သင်တန်းကျောင်းသို့ ပြောင်းရွှေ့ ချုပ်နှောင်
Donate to DVB

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာ ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ၉ တန်းကျောင်းသား မောင်တူးဝေယံကို မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ လူငယ်သင်တန်းကျောင်းကို ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်က ဇူလိုင် ၂၃ ရက်က ထုတ်ပြန်ခဲ့တဲ့ ကလေးသူငယ်အခွင့်ရေးများ ဆိုင်ရာ ဥပဒေကြောင့် အခုလို ပြောင်းရွှေ့ချုပ်နှောင်ခဲ့တာဖြစ်ပြီး မောင်တူးဝေယံကို ကလေးသူငယ်တရားရုံးမှာ သီးသန့် စစ်ဆေးတာတွေ ပြုလုပ်ရမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောပါတယ်။

“သမ္မတကြီးကိုယ်တိုင်က ကလေးသူငယ်ဥပဒေနဲ့ အသစ်ပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒီပြဋ္ဌာန်းတဲ့ ဥပဒေအရ ပုဒ်မ-၁၁၂(ဂ) မှာ ၁၆ ကနေ ၁၈ နှစ် မပြည့်သေးတဲ့သူ့ကို ကလေးသူငယ်အဖြစ် သတ်မှတ်ရမယ်တဲ့။ အဲလို ကလေးသူငယ်လို့ ဖြစ်ခဲ့မယ်ဆိုရင် ကလေးသူငယ် တရားရုံးမှာ စစ်ဆေးရမယ်ဆိုတဲ့ အနေအထားမျိုး ထွက်ရှိလာပါတယ်။ ထွက်ရှိလာတဲ့အတွက် မူလတုန်းက တူးဝေယံဟာ အသက် ၁၇ နှစ်၊ ၉ လ နဲ့ ၁၁ ရက် ဖြစ်တဲ့အပေါ်မှာ သူဟာလူငယ်ဖြစ်နေတဲ့အတွက် လူငယ်ဥပဒေအရ လူကြီးတွေနဲ့အတူတူ အမှုကိုတွဲပြီးတော့ ကျနော်တို့ ဆောင်ရွက်ခဲ့တယ်။ အခုက ကလေးသူငယ် ဖြစ်သွားတဲ့အတွက် သူဟာ ကလေးသူငယ် သီးခြားအမှုတမှုအနေနဲ့ ဆောင်ရွက်ရမှာ” လို့ ပြောပါတယ်။

မောင်တူးဝေယံကို ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်နေတဲ့ ကုမ္ပဏီက ပုဒ်မ ၄၃၆/၄၄၀ နဲ့ ရဲတပ်ဖွဲ့က ရာဇသတ်ကြီးပုဒ်မ ၁၄၇/၃၃၂/၃၃၃/၃၅၃/၁၁၄ တို့နဲ့ တရားစွဲဆို ဖမ်းဆီးထားတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ၉ တန်းကျောင်းသား မောင်တူးဝေယံကို ဇူလိုင် ၂၅ ရက်က ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

မောင်တူးဝေယံက     “သူတို့အဖေ့ကို ဖမ်းချင်တာ မမိလို့ ကျနော့်ကိုဖမ်းတာပါ။ ကျနော် ဘာအပြစ်မှမရှိဘဲနဲ့ ကျနော့်ကိုဖမ်းတာပါ။ ပြည်သူ့ရဲတွေက အဖေ့ကိုဖမ်းချင်တာ ဘာဖြစ်လို့ ကျနော့်ကို ဖမ်းတာလဲ။ ကျောင်းတက်ခွင့်တွေလည်း နောက်ကျတယ်။ ပညာရေးလည်း နောက်ကျနေတယ်။ ကျောင်းလည်း မတက်ရပါဘူး။ နာမည်လည်း ပျက်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သတင်းထောက် အောင်ကြည်မြင့်နဲ့ အောင်သပြေကျေးရွာ ဒေသခံ (၉) ဦး တို့ကိုလည်း ရုံးထုတ်ခဲ့ပါတယ်။

အောင်သပြေကျေးရွာဒေသခံတွေဟာ ရွာနားမှာ အကောင်အထည်ဖော်တဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ ဖျက်သိမ်းပေးရေး ကန့်ကွက်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီကန့်ကွက်လှုပ်ရှားမှုတွေဟာ ပြင်းထန်လာတဲ့အတွက် ရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းရာကနေ မေလ ၁၅ ရက်က နှစ်ဖက်ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းထောက် အောင်ကြည်မြင့်နဲ့ အောင်သပြေကျေးရွာ ဒေသခံ ၈ ဦး တို့ကို ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ ၁၄၇/၃၃၂/ ၃၃၃/ ၃၅၃/၁၁၄ တို့နဲ့ တရားစွဲဆိုခဲ့ တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013