DVB Logo
Home
မြန်မာသတင်း
ဗြိတိန်ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်ထံ အတိုင်ပင်ခံပုဂ္ဂိုလ် သ၀ဏ်လွှာပေးပို့ 
DVB
·
July 26, 2019
ဗြိတိန်ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်ထံ အတိုင်ပင်ခံပုဂ္ဂိုလ် သ၀ဏ်လွှာပေးပို့ 
Donate to DVB

ဗြိတိန်နိုင်ငံရဲ့ ၀န်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်ထံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၀မ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့  ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက် ခံရတဲ့  ဘောရစ်ဂျွန်ဆင်ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ဇူလိုင် ၂၆ ရက်နေ့စွဲနဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။

ဘောရစ်ဂျွန်ဆင်ဟာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ် ၂၀၁၇ ခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံကို တရားဝင်ခရီးစဉ် လာရောက်ခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်ခဲ့စဉ် ကိုလိုနီခေတ်ကဗျာတပုဒ်ဖြစ်တဲ့ ဗြိတိန်စာရေးဆရာ ကဗျာဆရာကြီး Rudyard Kipling ရဲ့ မန္တလေးကဗျာကို ရွတ်ဆိုခဲ့တဲ့အတွက်  ဝေဖန်ခံခဲ့ရပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်ဟာ ဗြိတိန်ဘုရင်မကြီးထံ  ဇူလိုင် ၂၄ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ပြီး ထရီဆာမေထံကနေ ဗြိတိန်ဝန်ကြီးချုပ်ရာထူးကို တရားဝင် လွှဲပြောင်းရယူခဲ့တာပါ။

ဝန်ကြီးချုပ် ရာထူးရယူပြီးနောက် ပထမဆုံးပြောကြားခဲ့တဲ့မိန့်ခွန်းမှာတော့ ဥရော ပသမဂ္ဂ(အီးယူ) ကနေ ဗြိတိန်နိုင်ငံ ခွဲထွက်ရေးကို ဦးဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့  ရာနဲ့ချီတဲ့ ဗြိတိန်နိုင်ငံသားတွေရဲ့ ဆန္ဒပြပွဲတွေလည်း လန်ဒန်မြို့လယ်ခေါင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ-itv

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013