DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ် ရွေးစုကျေးရွာ သင်္ချိုင်းမြေတွင် သင်္ဂြိုဟ်ခွင့်ပြန်ပေးရန် တောင်းဆို
DVB
·
July 25, 2019
မတ္တရာမြို့နယ် ရွေးစုကျေးရွာ သင်္ချိုင်းမြေတွင် သင်္ဂြိုဟ်ခွင့်ပြန်ပေးရန် တောင်းဆို
Donate to DVB

 မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်က ရွေးစုကျေးရွာက နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိ သင်္ချိုင်းမြေမှာ သင်္ဂြိုဟ်ခွင့် ပြန်ပေးဖို့ ကျေးရွာသားတွေက တောင်းဆိုပါတယ်။

မတ္တရာမြို့နယ် ရွေးစုကျေးရွာက သင်္ချိုင်းမြေကို ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ဇူလိုင် ၁၁ ရက်နေ့က သင်္ဂြိုဟ်ခွင့် တားမြစ်ခဲ့တာဖြစ်ပြီးနောက် သင်္ဂြိုဟ်ခွင့် ပြန်ပေးဖို့ ရွေးစုကျေးရွာသားတွေက ဒီနေ့ သတင်းစာရှင်းပွဲပြုလုပ် တောင်းဆိုခဲ့ကြတာပါ။

ရွေးစုရွာသား ကိုမင်းသူရက “ရွေးစုကျေးရွာသူ ကျေးရွာသားများရဲ့ လူနေမှုဘဝနဲ့ လူအခွင့်အရေး နိမ့်ပါးတယ်လို့ ခံစားရပါတယ်။ တားမြစ်စာဟာ ရွေးစုကျေးရွာတရွာတည်း အတွက်သာ ဆည်မြောင်းဥပဒေ နည်းဥပဒေ ထုတ်ပြန်ထားတဲ့စာလို့ မှတ်ထင်ရပြီး ဘက်လိုက်နေသော ဆုံးဖြတ်ချက်လို့ ထင်မှတ်ရပါတယ်။ တနိုင်ငံလုံး ဥပဒေနည်းဥပဒေကို ညီညွတ်မှုရှိစေချင်တယ်။ တပြေးညီ တနိုင်ငံလုံး တရားမျှတတဲ့ ဥပဒေဖြစ်ပေါ်လာရေးကို ရှေးရှုပြီး ရှေးအစဉ်အလာအတိုင်း အခုအချိန်ထိ ရွေးစုကျေးရွာက အဘိုးအဘွား၊ ဘိုးဘေး ဘီဘင်များကို သင်္ဂြိုဟ်ခဲ့တာကြောင့် ဆက်လက်ပြီး ဒီနေရာကို သင်္ဂြိုဟ်ခွင့်ပြန်ရချင်တယ်။ နေစရာရှိပြီး သေစရာမရှိတဲ့ ဘဝရောက်နေတယ်” လို့  ပြောပါတယ်။

ရွေးစုကျေးရွာဟာ ရွှေတချောင်းတူး မြောင်းမကြီး အရှေ့ဘက်ကကျေးရွာ ဖြစ်ပြီး အိမ်ခြေ ၂၀၀ ကျော်နဲ့ လူဦးရေ ၁၀၀၀ ကျော် နေထိုင်တဲ့ ရွာဖြစ်ပါတယ်။

သင်္ဂြိုဟ်ခွင့်တားမြစ်ခဲ့တာနဲ့ ပတ်သက်ပြီးမတ္တရာမြိုနယ် ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးကို အကြိမ်အကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်း မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013