DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်ခရိုင်တွင် လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ ရွေးချယ်
DVB
·
July 25, 2019
ယင်းမာပင်ခရိုင်တွင် လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ ရွေးချယ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်အတွင်းမှာပါဝင်တဲ့ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ ဆားလင်းကြီး စတဲ့ မြို့နယ်တွေမှာ လူငယ်ရေးရာကော်မတီကို ဖွဲ့စည်းခဲ့ပြီးနောက် အဖွဲ့ဝင်တွေကို ရွေးချယ်လိုက်ပါတယ်။

လူငယ်ရေးရာကော်မတီကို ဇူလိုင် ၁၅ ရက်နေ့မှာ ယင်းမာပင်မြို့နဲ့ ပုလဲမြို့တို့ကို ဖွဲ့စည်းပေးခဲ့ပြီး ဇူလိုင် ၂၂ ရက်နေ့မှာ ကနီမြို့၊ ဇူလိုင် ၂၄ ရက်နေ့မှာတော့ ဆားလင်းကြီးမြို့မှာ ဖွဲ့စည်းခဲ့ပြီး တမြို့နယ်မှာ အဖွဲ့ဝင် ၁ ဦးစီ၊ ၄ မြို့နယ်အတွက်  ၄ ဦး ရွေးချယ်ခဲ့တာပါ။

အနာဂတ်မြန်မာနိုင်ငံကို လူငယ်တွေအနေနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စတဲ့ အခန်းကဏ္ဍတွေမှာ ပူးပေါင်းပါဝင်စေဖို့ ရည်ရွယ်ချက်ထားခဲ့တာလို့ လူငယ်ကိုယ်စားလှယ်တဦးက ဆိုပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် လူငယ်ရေးရာကော်မတီဝင် ကိုဝင်းဇော်ခိုင်က “ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရေးရာမူဝါဒတွေရှိနေပေမယ့် နိုင်ငံပေါင်း ၃၀ လောက်မှာ လူငယ်မူဝါဒမရှိသေးတာရယ်။ အခုအခါ မြန်မာနိုင်ငံအနေနဲ့ လူငယ်ရေးရာမူဝါဒရှိ နေပြီး မဟာဗျူဟာရေးဆွဲရေးလုပ်ငန်းတွေ ဖော်ဆောင်နိုင်ဖို့ အခုလို မြို့နယ်တိုင်းမှာ ကိုယ်စားလှယ်ရွေးချယ်တာ”လို့ ပြောပါတယ်။

လူငယ်ရေးရာကော်မတီဝင် ရွေးချယ်တဲ့အခါ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ၊ လူငယ်ရေးရာမှာ တတ်ကြွစွာဆောင်ရွက်နိုင်သူ၊ အရပ်ဘက် အဖွဲ့အစည်း အစိုးရအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်သူ စတဲ့ အရည်အချင်းတွေ သတ်မှတ်ကာ မဲပေးစနစ်နဲ့ ရွေးချယ်တာဖြစ်ကြောင်း ယင်းမာပင်ခရိုင် လူငယ်ရေးရာကော်မတီဝင် အတွင်းရေးမှူး ကိုအောင်စိုးလွင်က ပြောပါတယ်။

လူငယ်တွေရဲ့ အခန်းကဏ္ဍတရပ်ကနေ ပူးပေါင်းပါဝင်ကာ လမ်းလွဲရောက်နေတဲ့ လူငယ် တွေရဲ့ဘဝကို တတ်နိုင်သလောက်ကူညီချင်တဲ့ဆန္ဒနဲ့ ဝင်ရောက်အရွေးခံတာလို့ ဆားလင်းကြီး မြို့နယ်ရဲ့ လူငယ်ရေးရာကော်မတီဝင်အဖြစ် အရွေးချယ်ခံရသူ မောင်ဝေယံထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013