DVB Logo
Home
မြန်မာသတင်း
ရခိုင်လူမှုရေးအသင်း (စင်ကာပူ) အဖွဲ့ခေါင်းဆောင်များကို မနက်ဖြန် ရုံးထုတ်မည်
DVB
·
July 25, 2019
ရခိုင်လူမှုရေးအသင်း (စင်ကာပူ) အဖွဲ့ခေါင်းဆောင်များကို မနက်ဖြန် ရုံးထုတ်မည်
Donate to DVB

ရခိုင်လူမှုရေးအသင်း (စင်္ကာပူ)အဖွဲ့ခေါင်းဆောင်တွေကို မနက်ဖြန် ဇူလိုင် ၂၆ ရက်နေ့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၈ မိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။

ရခိုင့်တပ်မတော် အေအေအဖွဲ့ကို ငွေရှာဖွေထောက်ပံ့ပေးနေတဲ့ စွပ်စွဲချက်နဲ့ ရခိုင်လူမှုရေး အသင်း(စင်္ကာပူ)ရဲ အဖွဲ့ခေါင်းဆောင်တွေဖြစ်တဲ့ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး(ခ) မောင်ပန်၊ ကိုဟိန်းဇော်တို့ ၃ ဦးကို (ပ) ၈၁၈ / ၁၉ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က/ခ/ဂ)နဲ့ မအေးမြတ်မွန် (ခ) မေကြီး၊ ကိုမြတ်လင်းဦး (ခ)ကိုလင်း၊ ကိုတင်လှိုင်ဦး၊ ကိုရဲကျော်ထက် တို့ကို (ပ) ၈၁၈/၁၉ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(ခ/ဂ)နဲ့ တရားဆွဲဆိုထားတာပါ။

ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံရဲ့ညီ ကိုအောင်မြတ်ကျော်နဲ့ ရခိုင်စင်ကာပူအသင်းဥက္ကဋ္ဌ ကိုဟိန်းဇော် အပါအဝင် ရခိုင်အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို အေအေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး ထိန်းသိမ်းစစ်ဆေးပြီးနောက် မြန်မာနိုင်ငံကို ပို့လိုက်တာလို့ စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံကို စတင်ပြန်လည်ရောက်ရှိလာကြတဲ့နေ့ကပဲ ရန်ကုန်လေဆိပ်မှာ ကိုဟိန်းဇော်၊ ကိုအောင်မြတ်ကျော်နဲ့ ကိုထွန်းအေးတို့ကို ဖမ်းဆီးခဲ့တာပါ။

ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ ကိုတင်လှိုင်ဦးနဲ့အတူ ရခိုင်စင်ကာပူအသင်း ဒု-ဥက္ကဋ္ဌ မမေကြီး (ခေါ်) မအေးမြတ်မွန်တို့ နှစ်ဦးနဲ့ ငှားလာတဲ့ ကားဆရာ ကိုမြတ်လင်းဦးတို့ကို ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးပေါ်မှာ ထိန်းသိမ်းခဲ့သလို ရခိုင်စင်ကာပူအသင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲကျော်ထက်ကိုလည်း စမ်းချောင်းမြို့နယ်က နေအိမ်ကနေ ဖမ်းဆီး သွားခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013