DVB Logo
Home
မြန်မာသတင်း
နှစ် ၇၀ ကျော်ရှိ မော်လိုက်မြို့မဈေးကို မူလပုံစံအတိုင်း ကိုယ်ထူကိုယ်ထ တည်ဆောက်မည်
DVB
·
July 25, 2019
နှစ် ၇၀ ကျော်ရှိ မော်လိုက်မြို့မဈေးကို မူလပုံစံအတိုင်း ကိုယ်ထူကိုယ်ထ တည်ဆောက်မည်
Donate to DVB

မော်လိုက်မြို့က နှစ်ပေါင်း ၇၀ ကျော်သက်တမ်းရှိ မြို့မဈေးကို ဈေးသူဈေးသားတွေ စုပေါင်းပြီး မူလပုံစံအတိုင်းအသစ် တည်ဆောက်မယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ရှိ ဈေးဆိုင်ခန်း ၃၀ ကျော်ပါရှိတဲ့ သစ်သားပျဉ်ကာ ၁ ထပ်ဈေးကြီးက နှစ်ပေါင်း ၇၀ ကျော် သက်တမ်းရှိကာ ဟောင်းနွမ်းဆွေးမြေ့နေပြီး အန္တရာယ်ရှိသလို ခေတ်နဲ့လျော်ညီမှု မရှိတာကြောင့် အသစ်ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတာပါ။

ဒါနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ခေတ်မီမြို့မဈေးသစ် တည်ဆောက်ပေးနိုင်ဖို့ရာ ဒေသခံကိုယ်စားလှယ်က အခုကျင်းပနေတဲ့ တိုင်းဒေသကြီးလွှတ်တေ် ၂၀ ကြိမ်မြောက် အစည်းအဝေးမှာ မေးမြန်းခဲ့တာပါ။

"တမြို့လုံးက အားထားရတဲ့ ဈေးကြီးက အခုဆို သစ်သားပျဉ်ကာ ဈေးဖြစ်တဲ့အတွက် သဘာဝဘေးဒဏ်တွေကြောင့် ဆွေးမြေ့ပျက်စီးယိုယွင်းနေပြီ။ နှစ်ပေါင်းများစွာကြာပြီဖြစ်လို့ ခေတ်နဲ့လည်း မလျော်ညီတော့ဘူး။ ဒါကို အသစ်ဆောက်ပေးဖို့ မြို့ခံပြည်သူတွေကိုယ်စား မေးမြန်းရတာဖြစ်ပါတယ်" လို့ မော်လိုက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်းက ပြောပါတယ်။

မော်လိုက်မြို့မဈေးရုံက သွပ်မိုး ပျဉ်ထောင် ၁ ထပ်ဈေးဖြစ်ကာ ဈေးဆိုခန်းပေါင်း ၃၆ ခန်းပါရှိပါတယ်။ အလျား ၆၈ ပေ၊ အနံ ၆၇ ပေရှိကာ နှစ်ပေါင်းကြာပြီဖြစ်လို့ အောက်ခြေ အကာတွေ ဆွေးတာ၊ တံခါးတွေ ပျက်စီးတာ၊ တိုင်တွေ ခြစားတာတွေ ရှိလာနေတာပါ။ RC ၂ ထပ်ဆောက်မယ်ဆိုပါက ကုန်ကျစရိတ်များတဲ့အတွက် ကိုယ့်အားကိုယ်ကိုး မဆောက်နိုင်တဲ့ အတွက် မူလပုံစံအတိုင်းသာ ပြန်ဆောက်ဖို့ ဈေးသူဈေးသားတွေနဲ့ သဘောတူထားတယ်လို့ ဆိုပါတယ်။

"ခေတ်မီ RC ၂ထပ်ဈေးကို ဆောက်ဖို့ ဈေးသူဈေးသားတွေမတတ်နိုင်ဘူး။ ဈေးသူဈေးသားတွေရဲ့ ထည့်ဝင်ငွေနဲ့ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ဖို့က မူလပုံစံအတိုင်း အောက်ခြေမြှင့် နံကပ် ၁ ထပ် အဆောက်အဦကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အသစ်ပြန်လည်တည်ဆောက်သွားမှာ ဖြစ်ပါတယ်။"လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

လတ်တလောမှာတော့ ဈေးက ခေတ်နဲ့လျော်ညီပြီး ကောင်းမွန်တဲ့ ရေဆိုးထုတ်စနစ်၊ အမှိုက်သိမ်းစနစ်၊ မီးဘေးအန္တရာယ်ကာကွယ်ရေးစနစ်၊ ဝင်ပေါက်ထွက်ပေါက်၊ စက်ဘီး၊ ဆိုင်ကယ် ရပ်နားစရာနေရာတွေလည်း စနစ်တကျဖြစ်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မော်လိုက်မြို့ မြို့မဈေးမှာတော့ အသားငါး၊ ဟင်းသီးဟင်းရွက်၊ မီးဖိုချောင်သုံးပစ္စည်းနဲ့ တခြားလူသုံးကုန်ပစ္စည်းတွေ ရောင်းချနေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013