DVB Logo
Home
မြန်မာသတင်း
မလှိုင်မြို့နယ်တွင် စက်လှေတိမ်းမှောက်မှုကြောင့် ၁၃ ဦးသေဆုံး၊ ၁ ဦး ပျောက်ဆုံးနေ
DVB
·
July 25, 2019
မလှိုင်မြို့နယ်တွင် စက်လှေတိမ်းမှောက်မှုကြောင့် ၁၃ ဦးသေဆုံး၊ ၁ ဦး ပျောက်ဆုံးနေ
Donate to DVB

မလှိုင်မြို့နယ်၊ ဆားတောင်ဆည် အနောက်ဘက်ကမ်းမှာ စက်လှေတိမ်းမှောက်မှုကြောင့်  ဇူလိုင် ၂၅ ရက်နေ့ နေ့လယ်ပိုင်းအထိ သေဆုံးသူ ၁၃ ဦး ရှိသွားပြီလို့ မလှိုင်မြို့နယ်၊ မီးသတ်ဌာန ဦးစီးမှူး ဦးဇေယျာအောင်က ပြောပါတယ်။ 

လှေတိမ်းမှောက်ရာမှာ လိုက်ပါလာသူ စုစုပေါင်း ၂၅ ဦးအနက် ၁၁ ဦးကိုသာ ရှာဖွေကယ်ဆယ်နိုင်ခဲ့ပါတယ်။ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၉ ဦး အလောင်းကို မနေ့က တွေ့ရှိခဲ့တာဖြစ်ပြီး အမျိုးသားတဦးကတော့ ဒီနေ့ထိ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

“ကျန်တဲ့သူတွေကတော့ လွယ်လွယ်ကူကူရှာတွေ့တယ်၊ ဒီတယောက်ကျမှပဲ မနေ့က ညနေထဲက ရွာသားတွေနဲ့ ပေါင်းရှာနေတာ ခုချိန်ထိပဲ မတွေ့သေးဘူး” လို့ မီးသတ်ဌာန ဦးစီးမှူး ဦးဇေယျာအောင်က ပြောပါတယ်။

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ ဇူလိုင် ၂၄ ရက် မနက် ၉ နာရီလောက်က ဆားတောင်ဆည်အတွင်းရှိ ဗောဓိသစ္စာ ဘုန်းကြီးကျောင်းမှာ အလှူလာလုပ်သူတွေကို  တင်ဆောင်လာတဲ့ စက်လှေတိမ်းမှောက်ခဲ့တာပါ။

“သူတို့ကလည်း စက်လှေ မစီးဖူးတော့ လှေနည်းနည်းလူးတဲ့အချိန်မှာ ရေကလည်း ဝင်နေတော့ လန်ပြီးခုန်ချကြတယ်၊ အဲ့ချိန်မှာ တယောက်နဲ့တယောက် လှုပ်ရှားမှုဖြစ်ပြီးတော့ လှေက မှောက်သွားတာပါ” လို့ ညောင်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ဆိုပါတယ်။ 

အသက်ရှင်ကျန်ရစ်သူတွေကို မလှိုင်ဆေးရုံ ပို့ဆောင်ထားပြီး သေဆုံးသူတွေကိုတော့ နေ့လယ် ၁ နာရီမှာ သင်္ဂြိုဟ်ပြီးပြီလို့ သိရပါတယ်။ 

စက်လှေတိမ်းမှောက်မှူကြောင့် စက်လှေမောင်းသူ ကိုကျော်ဝင်းလှိုင်ကို မလှိုင်မြို့နယ်၊ နှောကန်နယ်မြေရဲစခန်းမှ (ပ)၃၉/၂၀၁၉၊ ပုဒ်မ ၂၈၀/ ၃၀၄(က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ 

ဆုမြတ်မေဇော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013