DVB Logo
Home
မြန်မာသတင်း
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက တိမ်ညိုစစ်ဘေးရှောင်စခန်းကို စားနပ်ရိက္ခာလှူဒါန်း
DVB
·
July 25, 2019
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက တိမ်ညိုစစ်ဘေးရှောင်စခန်းကို စားနပ်ရိက္ခာလှူဒါန်း
1 / 9
Donate to DVB

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရန်ကုန်-စစ်တွေ ကားလမ်းနားဘေးမှာရှိတဲ့ တိမ်ညို စစ်ဘေးရှောင် ၂၈၀၀ ကျော်အတွက် သိန်း ၁၀၀ ကျော်ဖိုး ဆန်ရိက္ခာတွေကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ဇူလိုင် ၂၄ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

တိမ်ညိုစစ်ဘေးရှောင်စခန်းမှာရှိတဲ့ အိမ်ထောင်စု ၇၂၂ စု၊ လူဦးရေ ၂၈၁၉ ဦးတို့အတွက် အိမ်ထောင်စု တစုကို ၁၂ ပြည်ဝင်ဆန် ၁ အိတ်၊ ဆီ ၅၀ ကျပ်သားနှုန်းနဲ့ စုစုပေါင်း ဆန်အိတ် ၇၂၂ အိတ်၊ ဆီ ၇၂၂ ဘူး၊ တန်ဖိုးအားဖြင့် ၁၀,၇၆၀,၀၀၀ ကျပ်ဖိုး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းခဲ့တာပါ။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးက “ရခိုင်မှာတော့ စစ်ဘေးရှောင်စခန်းတွေကတော့ နေရာတော်တော်များများမှာ ရှိကြပါတယ်။ အဲ့ဒီမှာ တိမ်ညို စခန်းက ရေနစ်မြုပ်တဲ့အထဲမှာ ပါတာပေါ့လေ။ အဲ့ဒါနဲ့ တိမ်ညိုစခန်းကို လှူဒါန်းမယ်လို့ ဆုံးဖြတ်လိုက်ကြတာပေါ့။ မိသားစုတစုကို ဆန် ၁၂ ပြည်နဲ့ ဆီနဲ့ပေါ့။ အားလုံး မိသားစု ၇၂၂ စုပေါ့နော်။ သွားပြီး လှူဒါန်းပါတယ်။ ငွေကြေး အားဖြင့်ဆိုရင်တော့ သိန်း ၁၀၀ ကျော်ဖိုးလောက် လှူဖြစ်ပါတယ်” လို့ပြောပါတယ်။

တိမ်ညိုစခန်းမှာတော့ စားနပ်ရိက္ခာတွေအပြင်၊ ဆေးဝါးအကူအညီတွေ လိုအပ်နေတာတွေ ရှိတယ်လို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးက ပြောပါတယ်။ 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေနဲ့ သူတို့လိုအပ်ချက်တွကို ဆက်လက်ကူညီဆောင်ရွက် သွားမယ်လို့ဆိုပါတယ်။ ဒါ့အပြင် မကြာသေးခင်က ရခိုင်ပြည် မင်းပြားမြို့ ပေါ်မှာ ရေကြီးလို့ ကမ်းပါးပြိုကျသွားတဲ့ နေအိမ်တွေအချို့ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက သွားရောက်ကြည့်ရှု ပြီးတော့ စားနပ်ရိက္ခာအချို့ကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်။

မကြာသေးခင်က မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် ရခိုင်ကစစ်ဘေးရှောင် နေအိမ်တွေ ရေနစ်မြုပ်ခဲ့သလို အဲ့ဒီအထဲမှာ စစ်ဘေးရှောင် ၂၈၀၀ ရှိတဲ့ တိမ်ညိုစစ်ဘေးရှောင် စခန်းဆိုရင်လည်း ရေနစ်မြုပ်ခဲ့ရပြီး စစ်ဘေးရှောင်တွေဟာ ဘုန်းတော်ကြီးကျောင်းမှာ ယာယီ ခိုလှုံခဲ့ရပါတယ်။ 

လက်ရှိအချိန်မှာတော့ ရေကျဆင်းသွားပြီးဖြစ်တာကြောင့် တိမ်ညိုစခန်းကို စစ်ဘေးရှောင်တွေက ပြန်လည်ရောက်ရှိလာကြတာပါ။

တိမ်ညိုစခန်းက စန်းတာဝန်ခံ ကိုဝေလှအောင်က “တိမ်ညိုစခန်းမှာ လူပေါင်း ၂၈၀၀ ကျော်ရှိ ပါတယ်။ ကျနော်တို့စခန်းမှာ တလကို ဆန်အိတ် ၉၀၀ ကျော်ကုန်ပါတယ်။ တိမ်ညို စစ်ဘေးရှောင်စခန်းကဆိုရင် တိမ်ညိုတိုက်နေဆေးရုံကို နေ့စဉ်လူနာလူပေါင်း ၃၀ ကနေ ၅၀ ကြား ကို ဆေးခန်းသွားပြနေကြရတယ်။ ကလေးငယ်တွေက အများအပြားကတော့ တုပ်ကွေးဖြစ်ကြ တယ်။ တချို့ကျတော့ ဖျားကြတယ်။ တိမ်ညိုစစ်ဘေးရှောင်းစခန်းမှာတော့ တပတ်တခေါက် ကျေးလက်ကျန်းမာရေးဌာနက ဆေးခန်းတွေ လာရောက်ဖွင့်ပေးတာရှိပေမယ့် ကျန်းမာရေး စောင့်ရှောက်မှုတွေက အရင်ကထက် လျှော့နည်းသွားပြီး ကြာလာရင် ကျန်းမာရေးဆိုးဝါးနိုင်တဲ့ အခြေအနေရှိတယ်” လို့ ပြောပါတယ်။

ကျေးလက်ကျန်းမာရေးဌာနခွဲတွေက ကျန်းမာရေး၊ ရောဂါစောင့်ရှောက်မှုတွေ သားဖွားဆရာ၊ ဆရာမတွေက တပတ်ကို ၂ ကြိမ်လောက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ရှိနေပေမယ့် တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ဘေးရှောင်စခန်းနဲ့ နီးစပ်တဲ့ နေရာတွေကိုတော့ လုံခြုံမှုမရှိတဲ့အတွက် ၂ ပတ်လောက်တခါ ရပ်နားထားရတယ်လို့ ပြည်နယ်တိုးချဲ့၊ ကာကွယ်ဆေး၊ ကူးစက်က လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်းက ပြောဆိုပါတယ်။

ရခိုင်ပြည်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ ဒီဇင်ဘာလဆန်းပိုင်း စတင်ဖြစ် ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၅၀၀၀၀ သောင်းကျော်အထိ ရှိလာနေပြီး စားနပ်ရိက္ခာ အချို့နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ လူမှုအဖွဲ့အစည်းတွေက ပြောဆိုပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ- ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013