DVB Logo
Home
မြန်မာသတင်း
အခြေခံပညာရေးသင်ရိုးသစ် Grade 3၊ 6 သင်တန်း နေ့တွက်စရိတ်မပေးပါက အရေးယူမည်
DVB
·
July 24, 2019
အခြေခံပညာရေးသင်ရိုးသစ် Grade 3၊  6 သင်တန်း နေ့တွက်စရိတ်မပေးပါက အရေးယူမည်
Donate to DVB

အခြေခံပညာရေးသင်ရိုးသစ် Grade 3၊  6 သင်တန်းမှာ နေ့တွက်စရိတ်မရတဲ့ ဆရာဆရာမတွေရှိခဲ့ပါက အထောက်အထားနဲ့တကွတင်ပြနိုင်တဲ့ကြောင်းနဲ့ တိတိကျကျတင်ပြ ပါက ထိရောက်စွာ အရေးယူသွားမယ်လို့  လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံပညာ သင်ရိုးသစ် Grade 3၊ 6 သင်တန်းကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်တွေမှာ ကျောင်းဖွင့်ချိန်မတိုင်မီ ပေးအပ်ခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ရောက်နိုင်တဲ့ ဆရာ/ဆရာမတွေအတွက် ဖြည့်စွက်သင်တန်းကို ဇွန်လ ၁ ရက်နေ့မှာ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်တွေမှာ ပြန်လည်ပို့ချပေး ခဲ့ပါတယ်။ 

ဒါပေမယ့် ဖြည့်စွက်သင်တန်းမှာ တက်ရောက်ကြတဲ့ သင်တန်းသား ဆရာ/ဆရာမတွေမှာ နေ့တွက်ကြေးမရရှိခဲ့တာကြောင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီကို တိုင်ကြားခဲ့တဲ့အတွက် ကော်မတီကနေ ဇူလိုင် ၂၄ ရက်နေ့က ကျင်းပတဲ့ တိုင်းဒေသကြီး လွှတ်တော်မှာ မေးခွန်းတခု မေးမြန်းခဲ့ပါတယ်။

ကော်မတီအဖွဲ့ဝင် ဒေါ်ဖြူဖြူဝင်းက "ပညာရေးကဏ္ဍမှာ နိုင်ငံတော်ဘက်ဂျက်ခွဲဝေသုံးစွဲမှုက ဗဟိုချုပ်ကိုင်မှုများနေပြီး ပွင့်လင်းမြင်သာမှု အားနည်းတဲ့အတွက် အခြေခံပညာဝန်ထမ်းတွေ ကြားမှာ ဝေဖန်မှုတွေရှိတယ်။ သင်ရိုးသစ်သင်တန်းမှာလည်း နေ့တွက်မရတဲ့ ဝန်ထမ်းတွေရှိတယ်။ ဒါကြောင့် သင်ရိုးသစ်အတွက် စစ်ကိုင်းတိုင်းမှာ သင်တန်းသားဘယ်လောက်ရှိတယ်။ ငွေကြေး ဘယ်လောက်သုံးစွဲတယ်။ နေ့တွက်ဘယ်လိုပေးတယ်ဆိုတာကို ကော်မတီကနေ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။"

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တတိယတန်း Grade 3 မြို့နယ်အဆင့်တွင် စစ်ကိုင်းတိုင်းမှ သင်တန်းသား ၂၆၃၂၄ ဦးတက်ရောက်ခဲ့ပြီး သင်တန်းအသုံးစရိတ် ကျပ်သန်းပေါင်း ၇၅.၆၈၃ သန်းကျော်ကို သုံးစွဲခဲ့ကာ အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်တဲ့ Grade 3 မူဆင့် ဆရာ/ဆရာမ ၂၂၀၀ ဦးကို မွမ်းမံသင်တန်းပို့ချဖို့ ၉၂.၄ သန်းကို သုံးစွဲခဲ့ပါတယ်။ 

Grade 6 အတွက် သင်တန်းသား ၁၆၇၃၅ ဦး၊ နောက်ဆက်တွဲသင်တန်းသား ၃၇၆၂ ဦးရှိကာ တဦးကို နေ့တွက်စရိတ် ၃၀၀၀ ကျပ်နှုန်းနဲ့ ၁၄ ရက်စာအတွက် ၄၂၀၀၀ ကျပ်ကို ခွဲဝေပေးခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။ ခရိုင် ၈ ခရိုင်အတွက် စုစုပေါင်း အသုံးစရိတ် ၁၀၃.၂၅၃၆ သန်းကို ပညာရေးဦးစီးဌာနနေပြည်တော်ကနေ ခရိုင်တွေကို တိုက်ရိုက်လွှဲပေးခဲ့ တယ်လို့ ဆိုပါတယ်။

"တကယ်လို့ သင်တန်းစရိတ်တွေမရရှိဘူးဆိုရင် တိတိကျကျတိုင်ရင် ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်ပါတယ်။"လို့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။

မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှုအနေနဲ့ ၂၀၁၆-၂၀၂၀ ပညာရေးမဟာဗျုဟာ စီမံကိန်းကို နိုင်ငံတော်ကနေ ချမှတ်အကောင်အထည်ဖော်နေတာပါ။ 

ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု ရှိလာပေမယ့် ပညာရေးအတွက် အသုံးစရိတ်ကတော့ နိုင်ငံတကာနဲ့နှိုင်းယှဉ်ရင် နည်းပါးနေပါသေးတယ်။ ဒါ့အပြင် ဝေးလံသီခေါင်ပြီး သွားလာရခက်ခဲတဲ့ ဒေသတွေမှာ ဆရာဆရာမလိုအပ်မှုကလည်း အများကြီးရှိနေပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013