DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ထဲကို နေ့စဉ်  အမှိုက်တန်ချိန် ၁၀၀ ကျော်ဝင်ရောက်နေ 
DVB
·
July 24, 2019
ဧရာဝတီမြစ်ထဲကို နေ့စဉ်  အမှိုက်တန်ချိန် ၁၀၀ ကျော်ဝင်ရောက်နေ 
Donate to DVB

ဧရာဝတီမြစ်ထဲကို နေ့စဉ်နေ့တိုင်း  အမှိုက် တန်ချိန် ၁၁၉ တန်လောက် ဝင်ရောက်နေ တယ်လို့ လေ့လာဆန်းစစ်တဲ့အဖွဲ့တွေက ထုတ်ပြန်ပါတယ်။

Fauna & Flora International နဲ့ ပလပ်စတစ်တိုက်ထုတ်ရေးအဖွဲ့ သန့်မြန်မာတို့ ပူးပေါင်းပြီး မန္တလေးကနေ ပြည်အထိ ဧရာဝတီမြစ်တလျှောက်ကို သုတေသန လုပ်ခဲ့ရာမှာ တွေ့ရှိတာပါ။

မြစ်ဝကျွန်းပေါ် ဒေသကတော့ ရေထုအများဆုံးညစ်ညမ်းနေပြီး အဲဒီမှာ နေ့တိုင်း အမှိုက် ၃၂ တန်ကျော် စွန့်ပစ်နေကာ   ရန်ကုန်မြစ်ထဲမှာတော့ ခန့်မှန်းခြေ ၂၉ တန်ကျော် စွန့်ပစ်နေ တယ်လို့ သုတေသန ပညာရှင်တွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်းနဲ့အထက်ပိုင်းက ၁၂ တန်၊ မန္တလေးမြို့ဝန်းကျင်မှာ တန် ၂၀ လောက်၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းထဲမှာ ၉ တန်လောက်စီ၊ ချင်းတွင်းမြစ်ဝှမ်းဒေသမှာ ၈  တန်နေ့တိုင်း စွန့်ပစ်နေတာပါ။

အမှိုက်တွေထဲမှာ ပလပ်စတစ်အမာစားတွေက ၆၂ ရာခိုင်နှုန်းလောက်နဲ့ အများဆုံးဖြစ်ပြီး ပုလင်းအဖုံးလို မျိုးပစ္စည်းတွေ အဓိက ပါဝင်ပါတယ်။ ပြီးတော့ ပလပ်စတစ်အိတ်တွေက ၂၂ ရာခိုင်နှုန်း ပါနေပြီး ဒီထဲမှာတော့ ကွမ်းယာထုပ်တဲ့အိတ်တွေ များပါတယ်။ နောက် ဖော့ဘူးတွေ၊ ကော်ဖီမစ်အိတ်ခွံတွေလည်း အမှိုက်အဖြစ် အများဆုံးပါနေတယ်လို့ ဆိုပါတယ်။

ရေယာဉ်နဲ့လုပ်ခဲ့တဲ့ သုတေသနတခုအရ မြန်မာ့ကမ်းရိုးတန်းတွေဟာ ပလပ်စတစ် အမှုန်အမွှားတွေနဲ့ ညစ်ညမ်းနေပြီး နောက်ထပ်လေ့လာမှုမှာတော့ ဘင်္ဂလားပင်လယ်အော်ရဲ့ ၁ စတုရန်းကီလိုမီတာမှာ ပလပ်စတစ်အမှုန်အမွှား ၂၈၀၀၀ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါဟာ အိန္ဒိယကမ်းရိုးတန်းမှာထက် ၁ စတုရန်းကီလိုမီတာမှာ ပလပ်စတစ်အမှုန်အမွှား ၈၀၀၀ ကျော် ပိုနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013