DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်သံဃာတော်များကို ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
DVB
·
July 24, 2019
နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်သံဃာတော်များကို ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
1 / 11
Donate to DVB

မန္တလေးတိုင်းဒေသကြီးအတွင်းက နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် သံဃာတော် တွေကို ဒုတိယအကြိမ်မြောက် ဝါဆိုသင်္ကန်ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၂၄ ရက်က မန္တလေးမြို့ မိုးကောင်းကျောင်းတိုက် အလယ်ရွှေကျောင်းတော်ကြီးမှာ ကျင်းပပါတယ်။

၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကာလနဲ့ ၁၉၉၁ ခုနှစ် ပတ္တနိက္ကစ္စနကံဆောင် သပိတ်မှောက်တဲ့ သံဃာ့အရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့ မန္တလေးတိုင်းက နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာ ၄၆ ပါးကို ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးတင်ကိုဦးကပြောပါတယ်။

မိုးကုတ်မြို့ ရေပူဆရာတော်အရှင်ဣန္ဒကက “အင်မတန်ကို ဝမ်းသာပါတယ်။ ဘာလို့လဲ ဆိုတော့ နေရာအသီးသီး၊ ဒေသအသီးသီးက ကွဲပြားနေကြတဲ့ ပုဂ္ဂိုလ်တွေ သူတို့ရဲ့ တူရာတူရာ ယုံကြည်ချက်တွေကို လာစုကြတာ နှစ်တိုင်း နှစ်တိုင်းလည်း ဒီလို လုပ်မယ်ဆိုရင် နေရာ အသီးသီးမှာ ကွဲပြားနေတဲ့ သဘောထားတွေနဲ့  ပုဂ္ဂိုလ်တွေ ဒီနေရာမှာ လာပြီးတော့ တူညီမှုနဲ့ ပေါင်းစပ်ကာ နိုင်ငံအတွက် တခုခု လုပ်ပေးနိုင်လိမ့်မယ်လို့ ထင်တယ်။ အဲဒါကြောင့်မို့ ကွဲပြားမှု မရှိပဲ ပေါင်းစပ်ပေးတဲ့အတွက် ပွဲစီစဉ်သူအားလုံးကို အထူးကျေးဇူးတင်တယ်”လို့ မိန့်ကြားပါတယ်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူပွဲကို မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေ စုပေါင်း ကျင်းပတာဖြစ်ပါတယ်။

အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့အတူ တိုင်း

ဒေသကြီး အစိုးရဝန်ကြီးနဲ့အဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရန်ကုန် မန္တလေးက နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေးအင်အားစုတွေ တက်ရောက် ရေစက်ချ အမျှဝေခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013